ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် Warren Buffet ရဲ့ သုံးပါးသောကြီးပွားချမ်းသာစေကြောင်း အကြံပေးချက်များ
ွှရင်းနှီးမြှုပ်နှံမှုနယ်ပယ်မှာ သရဖူဆောင်းထားတဲ့ Warren Buffet ဟာ
ရင်းနှီးမြှုပ်နှံသူတွေ အကျိုးစီးပွားအတွက် အကြံဥာဏ် ကောင်းများစွာရှိပါတယ်။ ဒီအကြံဥာဏ်တွေကို ချုပ်ပြောရရင်ဒီလိုပါ…
ငွေကြေးများစွာကို တစ်ခဏအတွင်းရှာဖွေနိုင်မယ့် မှော်ဆန်တဲ့ဖော်မြူလာလေး
ရှိတယ်။ ဒီဖော်မြူလာကို သင်ဟာတခြားလူတွေထက် ပိုပြီးခွင်ရှာတတ်လို့
တွေ့နိုင်လိမ့်မယ်လို့ ထင်နေတာတွေရပ်လိုက်ပါ။
လျှောက်မတွေးပါနဲ့ဆိုတာပဲဖြစ်ပါတယ်။
တကယ်တမ်းတော့ သူ့ရဲ့အကြံပြုချက်တွေကို ခြုံကြည့်ရရင်
ချမ်းသာမှုဆိုတဲ့ပန်းတိုင်ကို ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံ Slow and steady
wins the race ကျင့်ထုံးဖြင့်
့်သာရောက်ရှိနိုင်တယ်လို့ ဆိုလိုတာပါ။
တစ်ဆက်တည်းမှာပဲ ရင်းနှီးမြှုပ်နှံမှုဂုရုကြီးရဲ့ ငွေကြေးရင်းနှီးမှုဗျူဟာကို ခြုံငုံဖော်ပြထားတဲ့
အကြံပေးချက်သုံးခုကိုလည်း တင်ပြထားပါတယ်။
………………………………………
၁။ သင်၏ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေကို S&P 500 နှင့်ဆက်စပ်တဲ့ Index fund တွင်ရင်းနှီးပါ။
Buffet ကသေတမ်းစာမှာ သူ့ဇနီးအတွက်
ထားခဲ့မယ့် ငွေကြေးအပေါ်အခုလိုရင်းနှီးမြှုပ်နှံဖို့
ဇနီးသည်အားအကြံပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒီIndex Fund ဟာ ထွက်ပေါ်ခဲ့တာကြာပြီး
လူသိများပြီးဖြစ်သော်ငြားလည်း အကျိုးအမြတ်
ဖြစ်ထွန်းဆဲပါ။ S&P 500 ဆိုတာAmerica ရဲ့ အဆင့်အတန်းမှီကုမ္ပဏီ ၅၀၀ခုရဲ့ စတော့
ဈေးနှုန်းတွေကို အချိုးကျ average လုပ်ထားတဲ့ Indexပါ။ ဒါကြောင့် S&P
500 ကိုဝယ်ရင် ကုမ္ပဏီ၅၀၀ခုမှာ အချိုးကျရင်းနှီးမြှုပ်နှံပြီးသား
ဖြစ်သွားတာပါ။
Buffetရဲ့အစီအစဉ်ကတော့ ဒီလိုပါ။ ပိုင်ဆိုင်မှုငွေကြေးရဲ့၁၀ရာခိုင်နှုန်းကို အစိုးရရေ
တိုငွေတိုက်စာချုပ်မှာ ရင်းနှီးပါ။ ၉၀ရာခိုင်နှုန်းကိုတော့ S&P 500 နှင့်ဆက်စပ်တဲ့ Index Fund တွေထဲက စီမံမှုကုန်ကျ
စရိတ်နည်းတဲ့ Fund ပေါ်မှာရင်းနှီးပါ။
Buffetက ဒီဗျူဟာအရ ရေရှည်တွင်ရရှိလာမည့် အကျိုးရလဒ်တွေဟာ အခကြေးငွေများ
တဲ့ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတွေခန့်ထားလေ့ရှိတဲ့
ပင်စင်ရန်ပုံငွေအဖွဲ့တွေစုပေါင်းရင်းနှီးမှုအဖွဲ့တွေ Mutual Fundတွေ
ရဲ့ရင်းနှီးမြှုပ်နှံမှုရလဒ်တွေထက် အမြဲသာလွန်လိမ့်မည်ဟု ယုံကြည်ပါတယ်။
Buffetရဲ့ဒီမူဝါဒဟာ များသောအားဖြင့်
့်မှန်လေ့ရှိပါတယ်။ သုတေသနတွေအရ ထုတ်ပြန်ချက်တွေကလည်း Buffetရဲ့ Index
Fundတွေက စီမံမှုကုန်ကျစရိတ်တွေများတဲ့ အခြားအဖွဲ့အစည်းတွေထက်
အချိန်တိုင်းလိုလို ရလဒ်ပိုကောင်းသည်ဆိုတဲ့ အဆိုကိုလည်း
ထောက်ခံထားပါတယ်။
ယုတ္တိကျကျစဉ်းစားရင် ရှင်းရှင်းလေးပါ။ Index Fundတွေဟာ ခုနကပြောခဲ့သလို ကုမ္ပဏီ
၅၀၀ခုရဲ့ စတော့တွေကို
အချိုးကျဝယ်ယူထားခြင်းပါ။ ဒီIndexကို ဝယ်ယူဖို့ အလွန်ကျွမ်းကျင်တဲ့ ငွေကြေးအကြံပေး
တစ်ယောက်ရဲ့ဝန်ဆောင်မှုကိုမလိုတဲ့အတွက် ဝန်ဆောင်ခလည်း မပေးရပါဘူး။ စုပေါင်း
ရင်းနှီးမှုအဖွဲ့ Mutual Fund တွေမှာတော့ ဒီများပြားတဲ့ကုန်ကျစရိတ်
်တွေရှိပါတယ်။ ထို့ကြောင့် Index Fund တွေကအကျိုးအမြတ် ပိုရရှိခြင်းဖြစ်ပါတယ်။
ဒါပေမယ့် ရေရှည်ဆိုတဲ့စကားလုံးကို ဒီမူဝါဒကို
ကျင့်သုံးမယ်ဆိုရင် သတိမူသင့်ပါတယ်။ စတော့ဈေးကွက်တွေဟာ ရေတိုကာလတွေမှာ အတက်အကျများတတ်သလို ဈေးကွက်ပျက်
သွားတာတွေလည်း ရှိတတ်ပါတယ်။ ဈေးကွက်ပျက်ခဲ့ရင် ရင်းနှီးမြှုပ်နှံမှုများရဲ့
ဆုံးရှုံးမှုတွေပြန်လည်ရရှိဖို့အတွက် အချိန်အတိုင်း
အတာတစ်ခုပေးပြီး စောင့်စည်းနိုင်ရပါမယ်။
မိမိရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျသွားတိုင်း ရင်းနှီးမြှုပ်နှံမှုတွေကို
ထုတ်ရောင်းလို့မသင့်ပါ။ ရေရှည်အကျိုးကိုသာ မျှော်ကိုးသင့်ပြီး
အတက်အကျသံသရာတွေကို သတ္တိရှိရှိ
ှိစည်းကမ်းရှိရှိ ဖြတ်ကျော်ရင်းနှီးမြှုပ်နှံစွမ်းရှိရပါမယ်။
………………………………………
၂။ စုဆောင်းတတ်ရန် အကျင့်ကောင်း
ရအောင်သင်ယူပါ။
ရုပ်မြင်သံကြားအထူးအစီအစဉ်တစ်ခုမှာ Buffet က အခုလိုပြောကြားခဲ့ပါတယ်။ လူတိုင်းအတွက်
်အကြီးဆုံးအမှားကတော့ စောစီးစွာတိတိကျကျစု
ုဆောင်းတတ်ဖို့ အကျင့်ကောင်းတွေကို မသင်ယူ
ထားခြင်းပါလို့ ကျွန်တော်ထင်တယ်။ စုဆောင်းခြင်း
က အကျင့်ဖြစ်နေရမယ်။ ပြီးတော့
တခြားအမှားကြီးနောက်တစ်ခုက မြန်မြန်ချမ်းသာဖို့
ို့ကြိုးစားခြင်းပါ။ လူတန်းစေ့နေနိုင်အောင်
်ဖြည်းဖြည်းမှန်မှန်ရောက်ရှိဖို့ လွယ်ပေမယ့် တစ်ခဏအတွင်း သောက်သောက်လဲ
ချမ်းသာဖို့ကတော့ အိမ်မက်မက်တာပါ။
………………………………………
၃။ စတော့ဈေးကွက်မှာ စတော့ဈေးတွေကျနေရင် ကိုယ့်ရှိတဲ့စတော့တွေကို မရောင်းပါနဲ့။ တခြားစတော့အသစ်တွေထပ်ဝယ်ပါ။
မနှစ်က ရလဒ်မကောင်းတဲ့ဝင်ငွေစာရင်း ထုတ်ပြန်ချက်တွေကြောင့် Buffet အများဆုံး
ရင်းနှီးမြှုပ်နှံမှုပြုထားတဲ့ စတော့တစ်ချို့ရဲ့
ဈေးတွေကျဆင်းခဲ့ပါတယ်။ Buffet အနေနဲ့ရက်
်အနည်းငယ်အတွင်းမှာ ကန်ဒေါ်လာ၂ဘီလီယံ
ံလောက်ဆုံးရှုံးခဲ့ပေမယ့် သူ့မူဝါဒအတိုင်း စတော့
့အသစ်များစွာထပ်မံဝယ်ယူခဲ့ပါတယ်။ သူကသတင်းဌာန CNBC ကိုပြောခဲ့သည်
်ကတော့ စတော့ဈေးနှုန်းများကျဆင်းတဲ့အချိန်မှာ ဆုံးရှုံးမှာကြောက်၍
ဈေးကျနေတဲ့စတော့တွေကို ထုတ်ရောင်းပစ်တဲ့ ရင်းနှီးမြှုပ်နှံသူတိုင်း
ဈေးပြန်လည်တက်လာရင် ထိုဆုံးရှုံးမှုတွေကို ပြန်လည်ရရှိဖို့
အခွင့်အရေးဆုံးရှုံးသွားပါပြီ။ ဤအတိုင်းရေတိုရင်းနှီးမြှုပ်နှံသူတွေ
အပေါ်မှတ်ချက်ပြုခဲ့ပါတယ်။
Buffetဟာ နှေးကွေးတဲ့အကျဘက်ရောက်နေတဲ့ စတော့ဈေးကွက် Bear Market တွေကို
ိုသဘောကျပါတယ်။ စတော့ဈေးနှုန်းတွေကျလေ ပိုမိုဝယ်ယူမှုပြုလေဖြစ်ပါတယ်။
ယျေဘူရအားဖြင့် ရင်းနှီးမြှုပ်နှံသူတွေကို နီးစပ်နားလည်သော
စီးပွားရေးကဏ္ဍနှင့် စီးပွားရေးလည်ပတ်ပုံ Business Model တွေမှာရှိတဲ့
ခိုင်မာတဲ့စတော့တွေကို ရေရှည်မြှုပ်နှံ
သင့်ပါတယ်လို့ Buffet ကအကြံပြုခြင်း
ဖြစ်ပါတယ်။
အကယ်လို့ ဈေးကွက်ကနောက်အပတ်အတွင်းမှာ unit ၅၀၀ လောက်ကျခဲ့မယ်ဆိုတာသိရင် အဲဒီဈေးကွက်ထဲမှာရှိတဲ့ လုပ်ငန်းတွေနဲ့ ၄င်းတို့ရဲ့
စတော့တွေကို မနေ့ကတည်း
ကဝယ်ထားပြီးပြီဖစ်ကြောင်း Buffet ကရှင်းပြပါတယ်။ ကျွန်တော့်အနေနဲ့
ဈေးကွက်က တက်မလားကျမလားဘာဖြစ်မလဲဆိုတာကို မသိ်နိုင်ပါဘူး။
ဒါပေမယ့်စတော့ဈေးကွက်မှာရှိတဲ့ ခိုင်မာတဲ့လုပ်ငန်းကုမ္ပဏီတွေရဲ့စတော့ကို
ရေရှည်ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်ဘယ်
်လိုရွေးချယ်ရမလဲသိပါတယ်ဟု Buffet ကဆိုပါ
တယ်။
Inc. မှ article ကို ဘာသာပြန်ခြင်းဖြစ်သည်။