အစုရှယ်ယာပိုင်ရှင်တို့ရရှိမည့် အခွင့်အရေးများကို
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရပြဋ္ဌာန်းပါရှိ သည့်
အတိုင်းကောက်နုတ်တင်ဆက်လိုက်ပါသည်။
ဤအစီအစဉ်အပြီးတွင်စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအသိပညာများအတိအလင်းတိုးပွား လာမည်ဟု MIW မှပြောကြားလိုပါသည်။
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာ ပိုင်ရှင်များ၏ အခွင့်အရေးများ
-------------------------------
၁။ အစုရှင်တစ်ဦးသည် ၄င်းထည့်ဝင်သည့် အစုရှယ်ယာအတွက် သက်သေခံလက်မှတ်ရပိုင်ခွင့် ရှိသည်။ ပုဒ်မ ၁၀၈၊ ၁
၂။ အစုရှင်တစ်ဦးသည် ၄င်းအစုဝင်ထားသည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း MoA
နှင့် သင်းဖွဲ့ စည်းမျဉ်း AoA စာအုပ် မိတ္တူတစ်စောင်ကို
တောင်းယူခွင့်ရှိသည်။ ထိုသို့တောင်းယူလျှင် ကုမ္ပဏီ၏သတ်မှတ်ထားသည့်
အခကြေးငွေကို ထိုအစုရှင်ထံမှတောင်းယူနိုင်သည်။ စာအုပ်မိတ္တူကို
၁၄ရက်အတွင်းပေးရမည်။ ပုဒ်မ ၂၅
၃။ အစုဝင်တစ်ဦးသည် ၄င်းအမည်နှင့် အကြောင်း အရာများကိုကုမ္ပဏီတွင်ထားရှိသောအစုရှင်မှတ်တမ်း တွင် ထည့်သွင်းစေခြင်းအခွင့်အရေးရှိသည်။
ပုဒ်မ ၃၁
၎။ အစုရှင်တစ်ဦးသည် ၄င်း၏ အစုရှယ်ယာများကို လွှဲပြောင်းခွင့်ရှိသလို
ထိုသို့လွှဲပြောင်းခြင်းကို ဒါရိုက်တာအဖွဲ့မှခွင့်ပြုပြီးပါက
အစုရှင်မှတ်တမ်းတွင် မှတ်ပုံတင်ခွင့်ရှိသည်။ ပုဒ်မ ၃၄
၅။ အစုရှင်တစ်ဦးကွယ်လွန်သွားသည့်အခါ ၄င်း၏ တရားဝင်ကိုယ်စားပြုသူဖြင့် ၄င်းအသက်ရှင်နေ ဘိသကဲ့သို့ အစုရှယ်ယာလွှဲပြောင်းနိုင်သည်။
ပုဒ်မ ၃၅
၆။ အစုရှင်တစ်ဦးသည်ကုမ္ပဏီကထားရှိသော အစုရှင်မှတ်တမ်းများကို
ကုမ္ပဏီချမှတ်သည့် စည်းကမ်းနှင့်အညီရုံးချိန်အတွင်း ပုဒ်မ ၃၇အရ
ပိတ်ထားချိန်မှအပ ကြည့်ရှုစစ်ဆေးနိုင်သည်။ သို့သော်ဥပဒေနှင့်စည်းကမ်းများက
သတ်မှတ်သည့် အခကြေးငွေကို ပေးရမည်။ အစုရှင်တစ်ဦးသည် ထိုမှတ်တမ်း၏
ကောက်နုတ်ချက်များကိုလည်း ကူးယူပိုင်ခွင့်ရှိသည်။ အစုရှင်တစ်ဦးသည် ထိုအစု
မှတ်တမ်း၏ ကောက်နုတ်ချက်များကိုလည်း တောင်းခံပိုင်ခွင့်ရှိသည်။ ပုဒ်မ ၃၆
၇။ အစုရှင်တစ်ဦးသည် ၄င်း၏အကြောင်းအရာများ ကို
အစုရှင်မှတ်တမ်းတွင်လွဲမှားစွာရေးသွင်းထားပါက
တရားရုံးတော်သို့ပြင်ဆင်ပေးပါရန်လျှောက်ထား နိုင်သည်။ ပုဒ်မ ၃၈
၈။
အထူးအခွင့်အရေးခံစားခွင့်ရှိသည့်အစုရှင်တစ်ဦး သို့မဟုတ်အစုရှင်တစ်စုသည်
ထိုထုတ်ဝေပြီး အစုရှယ်ယာ အတန်းအစား၏ ၁၀ရာခိုင်နှုန်းတန်ဖိုး ကို
ပိုင်ဆိုင်လျှင် ၄င်းတို့ခံစားခွင့်ရှိသည့် အခွင့် အရေးကို
ပြဋ္ဌာန်းချက်နှင့်အညီ ထိခိုက်နစ်နာ စေအောင်ပြောင်းလဲလိုက်လျှင်
ထိုပြောင်းလဲချက်ကို ပယ်ဖျက်ပေးရန်တရားရုံးသို့လျှောက်ထားနိုင်သည်။ ပုဒ်မ
၆၆ က
၉။ အစုရှင်တစ်ဦးသည် အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ခါစတွင်
အစုဝင်ထားပါက ဥပဒေအရ Statutory အစီရင်ခံစာတစ်စောင်ကို Statutory အစည်းအဝေး (
ကုမ္ပဏီဥပဒေအရကျင်းပသည့် အစည်းအဝေး ) မတိုင်မီ ၂၁ရက်ကြိုတင်ရပိုင်ခွင့်
ရှိသည်။ ပုဒ်မ ၇၇၊ ၂
၁၀။ Statutory Meeting သို့တက်ရောက်သည့်
အစုရှင်တစ်ဦးသည် ကြိုတင်အသိပေးထားလျှင် ဖြစ်စေ အသိမပေးထားလျှင်ဖြစ်စေ
ဖွဲ့စည်းခြင်းမှ သို့မဟုတ် ဥပဒေအရ အစီအရင်ခံစာမှ ပေါ်ထွက် လာသည့်
အကြောင်းအရာများကို ဆွေးနွေးခွင့်ရှိစေ ရမည်။ ပုဒ်မ ၇၇၊ ၂
၁၁။
ဥပဒေအရအစီရင်ခံစာကိုမတင်သွင်းလျှင် သို့မဟုတ် ဥပဒေအရအစည်းအဝေး
မပြုလုပ်လျှင် အစုရှင်တစ်ဦးသည် ဖျက်သိမ်းရန် အခန်း ၅တွင် ပါရှိသည့်
နည်းလမ်းအတိုင်းရုံးတော်ကို လျှောက်ထားခွင့်ရှိသည်။ ပုဒ်မ ၇၇၊ ၉
၁၂။ အစုရှင်တစ်ဦးသည် အစုရှင်များ၏ အထွေထွေအစည်းအဝေးအားလုံးကို တက်ရောက် ခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၁
၁၃။ အထူးဆုံးဖြတ်ချက်ချမှတ်ရန် အစည်းအဝေးမှ တစ်ပါး ကုမ္ပဏီ၏ အခြားအစည်းအဝေး
တစ်စုံ တစ်ရာကို ၁၄ရက်ထက်မနည်း ကြိုတင်နို့တစ်စာ အား ရယူခွင့်ရှိသည်။
ပုဒ်မ ၇၉၊ ၁က
၁၄။ အစုရှင်တစ်ဦးသည် အတန်းအစားခြင်း တူသည့် အခြားအစုရှင်များနည်းတူ ခံစားခွင့်များ ရှိစေရမည်။ ပုဒ်မ ၇၉၊ ၁င
၁၅။ ပေးသွင်းပြီးအစုငွေပေါင်း၏ ၁၀ပုံ ၁ပုံ အောက် မနည်းလက်ရှိဖြစ်သည့်
အစုပါဝင်သူ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော အစုပါဝင်သူ တို့သည်
အထူးအစည်းအဝေးပြုလုပ်ရန် တောင်းခံခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၂က
၁၆။
အစုရှင်တစ်ဦးသည် ကုမ္ပဏီဆိုင်ရာ သင်းဖွဲ့စည်းမျဉ်းက
အခြားပြဋ္ဌာန်းချက်မပြုလုပ်သမျှ အခြားအစုရှင်တစ်ဦး၏
ကိုယ်စားမဲပေးခွင့်ရှိသည်။ ပုဒ်မ ၇၉၊ ၂ဆ
၁၇။ အစုရှင်တစ်ဦးသည်
ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ခေါ်ယူသည့် အထူးအစည်းအဝေးတွင် ကိုယ်တိုင်ဖြစ်စေ
ကိုယ်စားလှယ်ဖြင့်ဖြစ်စေ တက်ရောက်သူ အစုရှင်များအနက် လေးပုံ သုံးပုံ
အောက်မလျော့သူများက သဘောတူလျှင် အထူး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။
ပုဒ်မ ၈၁၊ ၁
၁၈။ အစုရှင်တစ်ဦးသည် အထွေထွေ အစည်း အဝေး ပြုလုပ်ြပီး
ခုနှစ်ရက်ကြာပြီးနောက် မည်သည့်အခါတွင်မဆို ပုဒ်မ ၈၃၊ ၄တွင် ရည်ညွှန်းသည့်
အစည်းအဝေးမှတ်တမ်းကို ထိုက်သင့်သော အခကြေးငွေပေး၍ တောင်းယူနိုင်သည်။ ပုဒ်မ
၈၃၊ ၅
၁၉။ သာမန်ထက်ထူးကဲသော ဆုံးဖြတ်ချက်ကို ရယူနိုင်သည့်
အစုရှင်တစ်စုသည် မည်သည့် ဒါရိုက်တာကိုမဆို ထုတ်ပယ်နိုင်သည်။ ၄င်း၏
နေရာကိုလည်း အစားထိုးရွေးချယ်ခန့်ထားနိုင်သည်။ အစုရှင်တစ်ဦးသည် ကုမ္ပဏီတွင်
ပြုစုထိန်းသိမ်း ထားသော ဒါရိုက်တာများ မန်နေးဂျင်းအေးဂျင့်များ ၏
မှတါတမ်းများကို အခမဲ့ကြည့်ရှုနိုင်သည်။
ပုဒ်မ ၈၇၊ ၃
၂၀။
ကုမ္ပဏီက နောက်ထပ်ထုတ်ဝေရောင်းချမည့် အစုရှယ်ယာများကို လက်ရှိ
အစုရှင်တစ်ဦးသည် အစုရှင်တစ်ဦးချင်းစီပိုင်ဆိုင်သော အစုရှယ်ယာများ အတိုင်
အချိုးကျရှေးဦးစွာဝယ်ယူခွင့်ရှိသည်။
ပုဒ်မ ၁၀၅ ဂ
၂၁။
အစုရှင်တစ်ဦးသည် မှတ်ပုံတင်အရာရှိထံ မှတ်ပုံတင်စာရင်းတင်သွင်းထားသည့်
အပေါင်များ ဖြင့် ချေးငွေများကို အခွင့်သင့်လျှင် အခမဲ့
ကြည့်ရှုခွင့်ရှိစေရမည်။ အပေါင်အနှံ မှတ်ပုံတင် စာရင်းကိုလည်း
ထိုက်သင့်သောအခကြေးငွေပေး၍ ကြည့်ရှုခွင့်ရှိစေရမည်။ ပုဒ်မ ၁၂၄၊ ၁
၂၂။
စာရင်းစစ်အစီအရင်ခံစာ ဒါရိုက်တာအစီအရင် ခံစာ ဘဏ္ဍာရေးရှင်းတမ်းများကို
အစည်းအဝေးကြီး တွင် အစုရှယ်ယာပါဝင်သူ မည်သူမဆို နားထောင် ခွင့်ရှိသည့်
အပြင် ကြည့်ရှုခွင့်လည်းရှိစေရမည်။ ပုဒ်မ ၁၃၁၊ ၂
၂၃။
အစုရှင်တစ်ဦးသည် အခြားပြဋ္ဌာန်းထားသည် မှလွဲ၍ ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်းနှင့်
အရှုံး အမြတ်ရှင်းတမ်းတို့ကို သတ်မှတ်ထားသော အခကြေးငွေပေး၍
မိတ္တူများတောင်းယူပိုင်ခွင့် ရှိသည်။ ပုဒ်မ ၁၃၅
၂၄။
အစုရှင်တစ်ဦးသည် ထုတ်ပေးပြီး အစုများ အနက် ၁၀ပုံ ၁ပုံအောက်မလျော့သည့်
အစုရှယ်ယာ ပိုင်ဆိုင်ပါက မှတ်ပုံတင်ရုံးသို့ လျောက်ထား၍ ကုမ္ပဏီ၏
စာရင်းများကို စစ်ဆေး ကြည့်ရှုနိုင်သည်။ ပုဒ်မ ၁၃၈၊ ၂
၂၅။ အစုရှင်တစ်ဦးသည် နှစ်ပတ်လည် အစည်း အဝေးကြီးတွင် စာရင်းစစ်အရာရှိတစ်ဦးဖြစ်စေ အများဖြစ်စေ ခန့်ထားရန်ပါဝင်ခွင့်ရှိသည်။
ပုဒ်မ ၁၄၄၊ ၃
၂၆။ အစုရှင်တစ်ဦးသည် ၄င်းတို့ အတန်းအစား အချင်းချင်းဖြင့် သော်လည်းကောင်း
မြီရှင်များဖြင့် သော်လည်းကောင်း စာရင်းရှင်းဖျက်သိမ်းသူဖြင့်
သော်လည်းကောင်း ရုံးတော်၌ဖြစ်စေ ပြင်ပ၌ဖြစ်စေ ညှိနှိုင်းဆောင်ရွက်နိုင်သည်။
ပုဒ်မ ၁၅၃၊ ၁
၂၇။ အစုရှင်တစ်ဦးသည် အနည်းဆုံး ရှိရမည့်
အစုရှင်ဦးရေထက် လျော့နည်း၍လည်း ကုမ္ပဏီတွင် ရပ်တည်နိုင်သည်။ သို့သော်
အလျော်တာဝန် ကန့်သတ်ချက်မရှိဘဲ ဖြစ်သွားမည်။ ပုဒ်မ ၁၄၇
၂၈။
အစုရှင်တစ်ဦးသည် ကျန်အစုရှင်များနှင့် ပူးပေါင်း၍ သတ်မှတ်ချက်များနှင့်အညီ
အနည်းပိုင် မှ အများပိုင်သို့ ပြောင်းလဲနိုင်သည်။ ပုဒ်မ ၁၆၂၊ ၆
၂၉။
ပုဒ်မ ၁၆၂၊ ၆ အရ တရားရုံးတွင် တရားမျှတမှုကို ရှေးရှု၍ ကုမ္ပဏီတစ်ခုကို
ဖျက်သိမ်းရန်လိုအပ်ပါက အစုရှင်တစ်ဦးသည် ကုမ္ပဏီအားဖျက်သိမ်းရန်
တရားရုံးသို့လျှောက်ထား နိုင်သည်။ ပုဒ်မ ၁၆၆
၃၀။ အစုရှင်တစ်ဦးသည်
ကုမ္ပဏီဖျက်သိမ်းရန် လျှောက်လွှာတင်သည့်နေ့ မတိုင်မီ အနည်းဆုံး ခြောက်လအတွင်း
မိမိအမည်နှင့်မှတ်ပုံတင် စာရင်းသွင်းပြီးပါက ဖျက်သိမ်းရန် လျှောက်လွှာများ
ကို တင်သွင်းနိုင်ခွင့်ရှိသည်။ ပုဒ်မ ၁၆၆
၃၁။ အစုရှင်တစ်ဦးသည်
အခြားအစုရှင်များနှင့် ပူးပေါင်း၍ ၇၅ရာခိုင်နှုန်း သဘောတူညီချက်ရသည့်
အထူးဆုံးဖြတ်ချက် ချမှတ်၍ ကုမ္ပဏီတစ်ခုကို အလိုအလျောက်ဖျက်သိမ်းနိုင်သည်။
ပုဒ်မ ၂၀၃၊ ၂
၃၂။ အစုရှင်များသည်ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်
ဖျက်သိမ်းခြင်းပြီးဆုံးသည့် အချိန်များတွင် စာရင်းရှင်းလင်းခေါ်ယူသည့်
အစည်းအဝေးများကို တက်ရောက်ခွင့်ရှိသည်။ ပုဒ်မ ၂၀၈ ဃ င
စတော့ရှယ်ယာတွင်ရင်းနှီးမြှုပ်နှံသူလိုတိုင်းအတွက် အရေးကြီးသည့်
အစုရှယ်ယာပိုင်ဆိုင်မှုမှ ရရှိမည့် အခွင့်အရေးများကို
မြန်မာနိုင်ငံကုမ္ပဏီများအက် ဥပဒေအရ ဖော်ပြချက်များမှ ကောက်နုတ်
တင်ဆက်လိုက်ပါသည်။