စတော့ရှယ်ယာအပြင် အိပ်ချိန်းမှာ အခြားရောင်းနိုင်မည့်ဝယ်နိုင်မည့်
ငွေချေးသက်သေခံ လက်မှတ်အမျိုးမျိုးနှင့် စတော့ရှယ်ယာကြိုရောင်းကြို
ဝယ်ဈေးကွက်တို့အကြောင်း အစဉ်အလာအတိုင်း
လွယ်ကူရိုရှင်းစွာမိတ်ဆက်တင်ပြထားပါသည်။
ဤအစီအစဉ်အပြီးတွင်စတော့ဈေးကွက်ရင်းနှီးမြှုပ်နှံမှု
ဆိုင်ရာအသိပညာများအတိအလင်းတိုးပွားလာမည်ဟု MIW မှပြောကြားလိုပါသည်။
စတော့အိပ်ချိန်းမှာကုမ္ပဏီတွေရဲ့စတော့ရှယ်ယာတွေ အပြင်ဘာတွေရောင်းဝယ်လို့ရသလဲ။
--------------------------------------
အများပိုင်ကုမ္ပဏီများသည်လိုအပ်သည့်အရင်းအနှီးများ
ရှာဖွေရာတွင်စတော့ရှယ်ယာတစ်ခုတည်းကိုပဲအားကိုး မနေပါ။
အရင်းအနှီးဈေးကွက်ကြီး၏ ဈေးတစ်ခုဖြစ်
သောစတော့အိပ်ချိန်းတွင်စတော့ရှယ်ယာမဟုတ်သည့်
အခြားငွေချေးသက်သေခံလက်မှတ်များထုတ်ဝေရောင်း ချခြင်း
ဖြစ်လည်းရင်းနှီးမြှုပ်နှံမှုများကိုရယူကြပါသည်။
၎င်းငွေချေးသက်သေခံလက်မှတ်များမှာ အများပိုင် ကုမ္ပဏီများမှထုတ်ဝေသည့်
ငွေချေးစာချုပ်အမျိုးမျိုး Bonds စတော့ရှယ်ယာဝယ်ယူခွင့်အခွင့်
အရေးစာချုပ်များနှင့် ဝရန့်များ Warrants များ စသည်တို့ဖြစ်သည်။
ယင်းတို့အပြင် အများပိုင်ကုမ္ပဏီ တစ်ခု၏ စတော့ရှယ်ယာများအပေါ်အခြေခံထားသော
စတော့ကြိုရောင်းကြိုဝယ်စာချုပ်များ Futures နှင့်
စတော့ရွေးချယ်ခွင့်စာချုပ်များ Options လည်း
ရင်းနှီးမြုပ်နှံသူအချင်းချင်းထုတ်ဝေရောင်းဝယ်နိုင်သည်။
ဖွံ့ဖြိုးပြီးစတော့အိပ်ချိန်းတစ်ခုတွင် ဖော်ပြပါစာချုပ်များ သာမက
မျိုးစုံသောငွေချေးသက်သေခံလက်မှတ်များ Securities ကို
ရင်းနှီးမြှုပ်နှံမှုအခြေအနေမျိုးစုံအတွက် ရောင်းဝယ်ကြပါသည်။ ယခုစာတွင်
ရန်ကုန်စတော့ အိပ်ချိန်းတွင် ပေါ်ပေါက်လာနိုင်မည့် ငွေချေးသက်
သေခံလက်မှတ်များသာမိတ်ဆက်တင်ပြသွားပါမည်။
ငွေချေးစာချုပ်ဆိုတာဘာလဲ။ ဘယ်လိုအကျိုးအမြတ် ရတာလဲ။ ဘာလို့အများပိုင်ကုမ္ပဏီကထုတ်ဝေတာလဲ။
---------------------------------------
ငွေချေးစာချုပ်ဆိုသည်မှာဝယ်ယူသူကိုနှစ်စဉ်အတိုးများ နှင့်
ကာလတစ်ခုကြာရင်သတ်မှတ်ထားတဲ့ငွေပမာဏ တစ်ခုပြန်ပေးမည့်
ငွေချေးတဲ့စာချုပ်ဖြစ်သည်။ ငွေချေးစာချုပ် တွေကိုအများပိုင်ကုမ္ပဏီများ
မှထုတ်ဝေသည်မှာ အစု ရှယ်ယာ ထပ်မံမထုတ်ဝေပဲ အတိုးပေးပြီးအရင်းအနှီး
လိုချင်လို့ဖြစ်သည်။ ငွေချေးစာချုပ်များမှအတိုးကို ပုံသေနှုန်းဖြင့်နှစ်စဉ်
နှစ်ကြိမ်ခွဲ၍လည်းကောင်းတစ်ကြိမ်ထဲဖြင့်လည်းကောင်း ပေးချေပေးပသည်။ ငွေချေး
စာချုပ်တိုင်းမှာ မူရင်းတန်ဖိုးတစ်ခု Face Value ပါဝင် ပါသည်။
ဒီတန်ဖိုးပမာဏကို ငွေချေးစာချုပ်သက်တမ်း ကာလကုန်မှပြန်လည်ရရှိပါမည်။ ဥပမာ
ကျပ်၁၀၀၀၀ မူရင်းတန်ဖိုးရှိပြီးအတိုး ၁၀ကျပ်တိုးပေးသည့် ၃နှစ် ကာလ
ငွေချေးစာချုပ် Bond တစ်ခုသည်တစ်နှစ်လျှင် အတိုးနှုန်း ၁၀၀၀ကျပ်ရမည်ဖြစ်ပြီး
သက်တမ်းကုန်ပါ က ကျပ်၁၀၀၀၀ရရှိပါမည်။ ငွေချေးစာချုပ်တွေကို
လက်ဝယ်ကိုင်ထားသူတို့သည် စတော့ရှယ်ယာများ ကဲ့သို့
လွှဲပြောင်းရောင်းချနိုင်ပါသည်။
ကာလတို ကာလလတ်နှင့် ကာလရှည်ဟူ၍
ငွေချေး စာချုပ်အမျိုးမျိုး ရှိပါသည်။ ကုမ္ပဏီများမှထုတ်ဝေသော
ကာလလတ်နှင့်ကာရှည် ငွေချေးစာချုပ်များကို ဒီဘင်ချာများ Debenture
ဟုလည်းခေါ်ပါသည်။ သက်တမ်းကာလ ၃နှစ် ၅နှစ် နှင့် ၅နှစ်အထက် စသဖြင့်ရှိကြပြီး
ရေရှည်ငွေချေးယူခြင်းဖြစ်၍ငွေကြေး
ဖောင်းပွမှုကိုကာကွယ်ပေးသည့်အနေဖြင့်အတိုးနှုန်းကို
ကာလတိုစာချုပ်များထက်မြင့်မြင့်မားမားပေးရပါသည်။
အများပိုင်ကုမ္ပဏီများမှထုတ်ဝေသောငွေချေးစာချုပ်များ Corporate Bonds
ကဲ့သို့ အစိုးရကလည်း ဗဟိုဘဏ် မှတစ်ဆင့် အစိုးရငွေချေးစာချုပ်များ Treasury
Bonds ထုတ်ဝေပါသည်။ အစိုးရငွေချေးစာချုပ်များကို
ဆုံးရှုံးနိုင်ချေလုံးဝမရှိဟု နိုင်ငံတကာတွင် သတ်မှတ် ကြပြီး
၎င်း၏အတိုးနှုန်းကို အခြားကုမ္ပဏီထုတ်ငွေချေး စာချုပ်များနှင့်
နှိုင်းယှဉ်ရန်စံနှုန်းတစ်ခုအဖြစ်ထားရှိ ပါသည်။
ထို့ကြောင့်အများပိုင်ကုမ္ပဏီတို့၏ ငွေချေးစာ ချုပ် များသည်
အစိုးရစာချုပ်များထက် ဆုံးရှုံးနိုင်ချေ ပိုများသည်ဟု
ယူဆကြပြီးအစိုးရစာချုပ်များထက် အတိုးနှုန်းကို
ပိုမိုတိုးမြင့်ပေးတတ်ကြပါသည်။ ငွေချေး စာချုပ်များ၏ အားသာချက်တစ်ခုမှာ
ကုမ္ပဏီအဖွဲ့ အစည်းတစ်ခုဖျက်သိမ်းပါက သာမန်ရှယ်ယာများ
ဦးစားပေးရှယ်ယာများထက်အရင် ရင်းနှီးမှုများကို
ပြန်လည်ရရှိစေမည့်အခွင့်အရေးပင်ဖြစ်ပါသည်။
ငွေချေးစာချုပ်၏ဈေးနှုန်းကဘယ်လိုပြောင်းလဲသလဲ။
---------------------------------------
ငွေချေးစာချုပ်များ၏ဈေးနှုန်းသည် ဈေးကွက်အတွင်းရှိ
ပေါက်ဈေးအတိုးနှုန်းနှင့် ထုတ်ဝေသည့် အဖွဲ့အစည်း ကို
အများယုံကြည်လက်ခံနိုင်စွမ်းတို့ပေါ်တွင်မူတည် ပါသည်။
ကျပ်၁၀၀၀၀မူရင်းတန်ဖိုးရှိပြီး အတိုးနှုန်း ပုံသေ ၁၀ရာခိုင်နှုန်းဖြင့်
နှစ်စဉ် ၁၀၀၀ကျပ်ရမည့် စာချုပ်တစ်ခုသည် ပြင်ပတွင်အတိုးနှုန်းက တစ်နှစ်
၁၂ရာခိုင်နှုန်းဖြစ်နေလျှင် ၄င်းစာချုပ်၏ဈေးနှုန်းသည်
၉၅၂၀ကျပ်ဖြင့်သာရှိမည်ဖြစ်သည်။ အလားတူ ပြင်ပ
အတိုးနှုန်းပေါက်ဈေးသည်စာချုပ်ပါပုံသေအတိုးနှုန်း ထက်ကျဆင်းသွားပါက
အဆိုပါစာချုပ်၏ဈေးနှုန်းသည် ကျပ်၁၀၀၀၀ထက်မြင့်တက်သွားမည်ဖြစ်ပါသည်။
ထို့ပြင်ထုတ်ဝေသည့်အစိုးရနှင့် ကုမ္ပဏီတို့၏ အကြွေး ပြန်ဆပ်နိုင်မှုအခြေအနေအရ
စာချုပ်ဈေးနှုန်းအပြောင်း အလဲများလည်းရှိနိုင်ပါသည်။ ဥပမာအားဖြင့် ဂရိ
အစိုးရငွေချေးစာချုပ်များသည် ၄င်းတို့၏ မူရင်းတန်ဖိုး
ထက်များစွာလျော့ကျနေသည်မှာ ဂရိနိုင်ငံသည် ကြွေးမှီများလွန်းနေပြီး
၂၀၀၈ခုနှစ်ဘဏ္ဍာရေးအကျပ် အတည်းတွင်ငွေပေးဆပ်ရန်ပျက်ကွက်ခဲ့၍ဖြစ်သည်။
ငွေချေးစာချုပ်များ၏ဈေးနှုန်းသည် စတော့ရှယ်ယာ များနည်းတူ
ငွေကြေးဖောင်းပွမှုနှုန်း နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း
နှင့်အခြားစီးပွားရေးဆိုင်ရာသက်ရောက် မှုများအရ
အပြောင်းအလဲများရှိနေမည်ဖြစ်ပါသည်။
စတော့ရှယ်ယာကို ကြိုရောင်းကြိုဝယ်လို့ရသလား။ ကြိုရောင်းကြိုဝယ်စာချုပ်ဆိုတာကဘယ်လိုလဲ။
---------------------------------------
မေးခွန်းများမဖြေကြားမှီငွေချေးသက်သေခံလက်မှတ် ဆိုသည့်
အလွန်ရှည်လျားသည့်အသုံးအနှုန်းကြီးကို Securities
လို့သာပြောင်းလဲရေးသားလိုပါသည်။ နိုင်ငံတကာအရင်းအနှီးဈေးကွက်တိုင်းတွင်
စတော့ ရှယ်ယာ ငွေချေးစာချုပ် မည်သည့် Securities ကိုမဆို
ကြိုရောင်းကြိုဝယ်စာချုပ် Futures Contract
တို့ဖြင့်အရောင်းအဝယ်လုပ်နေကြပါပြီ။ အချို့နိုင်ငံများ တွင် ဤ Futures
တွေကို ကြိုရောင်းကြိုဝယ်အိပ်ချိန်း များ Futures Exchange
တွင်ပြုလုပ်ကြပြီး စတော့ အိပ်ချိန်းတွင်လည်းပြုလုပ်နိုင်ပါသည်။ ထို့အပြင်
Securities အရောင်းအဝယ်အကျိုးဆောင်ကုမ္ပဏီများ ထံတွင်
ယခုအခါအင်တာနက်မှတစ်ဆင့်အလွယ်တကူ နိုင်ငံတိုင်းနီးပါးတွင် Futures များ
အရောင်းအဝယ် လုပ်နိုင်နေပြီဖြစ်ပါသည်။
ကြိုရောင်းကြိုဝယ်စာချုပ်များ
Futures ၏ သဘော တရားကိုဆက်လက်တင်ပြပါမည်။ တင်းကျပ်မှုရှိသော
ကုန်စည်ဒိုင်တစ်ခုတွင် ပွဲရုံတစ်ခုနှင့်တစ်ခုသည် ပဲအိတ်တစ်ရာခန့်ကို
နောက်ခြောက်လတွင် အရောင်း အဝယ်တစ်ခုပြုရန်ယနေ့ပေါက်ဈေး တစ်အိတ် ကျပ်
၂၀၀၀၀ဖြင့်သာကြိုရောင်းကြိုဝယ်စာချုပ်ချုပ်ဆိုခဲ့ ပါသည်။
ဝယ်သူသည်ကျပ်သိန်း၂၀အပြည့်ပေးချေ ရန်မလိုပဲကုန်စည်ဒိုင်တွင် ပဲကုန်စည်၏
၁၀ရာခိုင်နှုန်း စပေါ်အာမခံနှုန်း Margin အနေဖြင့် ကျပ် ၂သိန်းသာ
ပေးသွင်းထားနိုင်သည်။ ရောင်းသူသည်လဲ ပဲကုန်စည် များအပ်နှံထားရန်မလိုသေးပဲ
စပေါ်အာမခံနှုန်း ကျပ် ၂သိန်းသာကုန်စည်ဒိုင်တွင်ပေးချေနိုင်သည်။ ခြောက်
လအကြာတွင် ကျပ် ၂၁၀၀၀ခန့်ပဲတစ်အိတ်ဈေးပေါက်
နေလျှင်ပဲကုန်စည်များကိုအလဲအလှယ်လုပ်မနေတော့ပဲ ကုန်စည်ဒိုင်မှ
ဝယ်သူအားပေါက်ဈေးအရကျပ်၃သိန်း ပေးချေပြီး ရောင်းသူအားကျပ်၁သိန်းသာပြန်အမ်း
မည်ဖြစ်သည်။
အထက်ပါဥပမာတွင်ပါရှိသည့်အတိုင်း စတော့ရှယ်ယာ
ငွေချေးစာချုပ်နှင့် Securities မျိုးစုံကို ကာလကုန် သည့်အခါ
စာချုပ်များအလဲအလှယ်မလုပ်ပဲ ဈေး အတက်အကျတိုင်း စပေါ်အာမခံငွေမှ ပေးချေမှုသာ
ပြုလုပ်သည့် ကြိုရောင်းကြိုဝယ်စာချုပ်တွေကို Futures ဟုခေါ်သည်။ Securities
များအရေအတွက် အတိအကျ အတိုင်းလဲလှယ်ရမည့် ကြိုရောင်းကြိုဝယ် စာချုပ်များကို
Forwards လို့ခေါ်သည်။ နိုင်ငံတကာ တွင် Futures
ကသာပိုမိုအရောင်းအဝယ်များသည်။ စတော့ရှယ်ယာတစ်ခု၏ Futures ကိုရောင်းဝယ်ပါက
အိပ်ချိန်းရှိ စာရင်းရှင်းအဖွဲ့အစည်း Clearing House တွင် အာမခံစပေါ်နှုန်း
Margin ကို ယနေ့ပေါက်ဈေး ၏ ၁၀ရာခိုင်နှုန်း ၁၅ရာခိုင်နှုန်းစသဖြင့် စတော့
ရှယ်ယာ၏ ဈေးနှုန်းပြောင်းလဲနိုင်မှုပေါ်တွင်မူတည် ၍ ပေးသွင်းရပါမည်။
ဥပမာအားဖြင့် ဒေါ်လာ ၁၀၀၀ရှိ Apple ၏ စတော့ကို ကြိုဝယ်စာချုပ်ဖြင့်ဝယ်လို
ပါက ဒေါ်လာ ၁၀၀စပေါ်ပေးရမည်ဖြစ်သည်။ ထို့အပြင် ၁၀ရာခိုင်နှုန်း Margin
ပေးထားသော Futures ၏ စတော့ဈေးနှုန်းသည် ၅ရာခိုင်နှုန်းအောက် ကျဆင်းသွားပါက
Clearing House သည် ထို Apple စတော့အပေါ်သတ်မှတ်ထားသည့် အနည်း ဆုံး
အာမခံစပေါ်နှုန်း Minimum Maintenance Margin ၅ရာခိုင်နှုန်းကို ကျော်လွန်လာ၍
ဝယ်သူထံမှ စပေါ်ငွေထပ်မံပေးသွင်းရန်တောင်း ဆိုမှု Margin Call
ပြုလုပ်မည်ဖြစ်သည်။ ပေးသွင်းခြင်းမရှိပါက အဆိုပါ Futures များကို Clearing
House က ဈေးကွက်တွင် ထုတ်ရောင်းမည်ဖြစ်သည်။ အကယ်၍
ကြိုဝယ်ထားသည့်စတော့ဈေးနှုန်းသည် အာမခံစပေါ်နှုန်းအောက်ကျဆင်းသွားပါကလည်း
လိုအပ်သည့်ပမာဏကို Clearing House မှ Futures
ပိုင်ဆိုင်သူများထံတောင်းခံသွားပါမည်။
ကြိုရောင်းကြိုဝယ် စာချုပ် Futures များကို
ရောင်းဝယ်ရာတွင် Securities များကိုကြိုရောင်းခြင်း Short Position
ပြုလုပ်နိုင်သလို ကြိုဝယ်ခြင်း Long Position လည်းပြုလုပ်နိုင် ပါသည်။
စတော့ရှယ်ယာ တစ်ခုကို ကြိုဝယ်ခြင်းပြုလုပ်ထားပါက ၎င်း၏ စတော့ဈေးနှုန်းတက်
လျှင် အမြတ်ရရှိမည်ဖြစ်ပြီး ဈေးနှုန်းကျဆင်းသွားပါက အရှုံးပေါ်ပါမည်။
စတော့ရှယ်ယာတစ်ခုကို ကြိုရောင်းခြင်း ပြုလုပ်ထားပါက အဆိုပါ စတော့ ၏
ဈေးနှုန်းကျဆင်းမှသာ အမြတ်ရရှိမည်ဖြစ်ပြီး ဈေးနှုန်းအတက်ပြလျှင်
ဆုံးရှုံးမည်ဖြစ်သည်။ ကြိုရောင်းကြိုဝယ်စာချုပ် Futures များသည်
ကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် Securities များ၏ ဈေးနှုန်း
မတည်ငြိမ်မှုကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်မှုကို လျော့ချရန်
ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် စတော့ ရှယ်ယာများနှင့် အခြား
Securities များ၏လက်ရှိ
ပေါက်ဈေးနှုန်းပေးရန်မလိုပဲ၎င်းဈေးနှုန်း၏အပုံတစ်ပုံကို သာ
အာမခံစပေါ်နှုန်းအားဖြင့် ပေးချေ ဝယ်ယူနိုင် သဖြင့် ကြိုရောင်းကြိုဝယ်
စာချုပ် Futures များ သည် စတော့ဈေးနှုန်း ခန့်မှန်းသူများ ဈေးကစား
သူများနှင့် စတော့ဝယ်ရောင်းလုပ်သူများ အကြား တွင် အလွန်ရေပန်းစားပါသည်။
Futures များ သည် ငွေချေးစာချုပ် ကဲ့သို့ပင် သက်တမ်းကာလ
မကုန်မှီလွှဲပြောင်းရောင်းချ နိုင်ပါသည်။ သို့သော်
ကြိုရောင်းကြိုဝယ်ပြုထားသည့် စတော့ရှယ်ယာ များထံမှ အမြတ်ဝေစု Dividends
ရရှိမည်မဟုတ်ပါ။ ကြိုရောင်းကြိုဝယ်စာချုပ်များကို ရင်းနှီးမြုပ်နှံသူ
အချင်းချင်းချုပ်ဆို နိုင်သလို အများပိုင်ကုမ္ပဏီ များမှ စတင်ရောင်းဝယ်
ချုပ်ဆိုသည်များလည်း ရှိပါသည်။
ယခုခေတ်တွင် ဈေးနှုန်းအတက်အကျ
ရှိသည့် မည်သည့်ကုန်ပ္စစည်း သတ္တုတွင်းထွက်ကုန် ရွှေ နိုင်ငံခြားငွေနှင့်
Securities ကိုမဆို Futures များ အဖြစ် အရောင်းအဝယ်ပြုနိုင်ပြီ ဖြစ်သည်။
သက်တမ်း ကုန်ဆုံးခြင်း မရှိသည့် ကြိုရောင်း ကြိုဝယ်စာချုပ် Contract for
Difference သည် လည်း ရွှေဈေးကွက် နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်များတွင်
အထူးခေတ်စားလာခဲ့ပါသည်။ Futures များသည် အမြတ် များ နိုင်သလို ဆုံးရှုံး
နိုင်ချေလည်း များသဖြင့် ရင်းနှီးမြှပ်နှံသူများ အနေဖြင့် သတိထား
ဆောင်ရွက်ရန် လိုကြောင်း ပြောကြားလိုပါသည်။
ရွေးချယ်ခွင့်စာချုပ် ဆိုတာ ဘာလဲ။ စတော့ရှယ်ယာကို ရောင်းချဝယ်ယူဖို့ ဘယ်လို ရွေးချယ်ခွင့်ရှိတာလဲ။
---------------------------
စတော့ရှယ်ယာရွေးချယ်ခွင့်စာချုပ် Options
ဆိုသည်မှာစာချုပ်ပိုင်ဆိုင်သူအားစတော့ရှယ်ယာ တစ်ခုကို
ကြိုတင်သတ်မှတ်ထားသောဈေးနှုန်း Strike Price ဖြင့်သက်တမ်းကာလတစ်ခုအတွင်း
ရောင်းချခွင့်ဝယ်ယူခွင့် ပေးအပ်ထားသောစာချုပ်
တစ်မျိုးဖြစ်သည်။သက်တမ်းကာလတစ်ခုအတွင်း စတော့ရှယ်ယာများကို
ရောင်းချပိုင်ခွင့်ကို Put Options ဟုခေါ်ပြီး ဝယ်ယူပိုင်ခွင့်ကို Call
Options ဟုခေါ်သည်။ ထို Options များကိုဝယ် ယူပါက ပရီမီယံကြေး ဟူသော
ပြန်မအမ်းသည့် ငွေပမာဏတစ်ခုပေး၍ ဝယ်ယူရမည်ဖြစ်သည်။ ထို့ကြောင့် Options
ဝယ်ယူသူသည် ပရီမီယံ ကြေးကို အဆုံးခံပြီး ရောင်းချခွင့် (သို့) ဝယ်ယူခွင့်
ကို အသုံးချခြင်း အသုံးမချခြင်းကိုရွေးချယ်နိုင်ပါ သည်။
ဥပမာဖြင့်
စဉ်းစားလျှင် အလွန်လွယ်ပါသည်။ မောင်လှသည် FMI စတော့တစ်စောင်ကိုနောက်
ခြောက်လ အတွင်း ကျပ် ၁၃၅၀၀ ဖြင့် ဝယ်ယူခွင့် Call Option ကို တစ်စောင်
ပရီမီယံ ၅၀၀ ကျပ်ဖြင့် ၁၀ စောင်ဝယ်ယူထားပါသည်။ မောင်လှဝယ်ယူသည့် အချိန်တွင်
FMI ရှယ်ယာ တစ်ခုပေါက်ဈေးမှာ ကျပ် ၁၃၀၀၀ ဖြစ်ပါသည်။ သုံးလကြာသည့်အခါ
အဆိုပါ FMI ရှယ်ယာများ သည် ကျပ် ၁၅၀၀၀ ထိဈေးမြင့် တက် သွား ပါ သည်။
ထိုအချိန်တွင် မောင်လှသည်သူ၏ဝယ်ယူ ပိုင်ခွင့် Call Option
ရှိကြိုတင်သတ်မှတ်ထား သည့် ဈေးနှုန်း Strike Price ကျပ် ၁၃၅၀၀ဖြင့်
ဝယ်ယူပါကရှယ်ယာ တစ်စောင်လျှင် ၁၅၀၀ကျပ် မြတ်နေမည်ဖြစ်ပြီး ပရီမီယံကြေး
နုတ်လိုက်ပါက အသားတင် တစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့် စုစုပေါင်း ကျပ် ၁၀၀၀၀
မြတ်နေပါပြီ ။ မောင်လှ သည် ဝယ်ယူခွင့် ကိုအသုံးချနိုင်သလို အသုံးမချ
နိုင်သေးပဲ လည်း ဆက်ထားနိုင်သည်။ အကယ်၍ လေးလကြာသောအခါ FMI ရှယ်ယာများသည်
ကျပ်၁၂၀၀၀ သို့ကျဆင်းသွားပါလျှင်မောင်လှ သည်မိမိ၏
ဝယ်ယူခွင့်ကိုအသုံးချပါကတစ်စောင် ကျပ် ၁၅၀၀ ထပ်မံ ဆုံးရှုံးမည် ဖြစ်သည်။
ထို့ကြောင့် ဝယ်ယူခွင့်ကိုအသုံးမချတော့ပဲ ပရီမီယံကြေး ၁၀စောင်စာ ၅၀၀၀ကျပ်
သာအဆုံးရှုံးခံဖို့ ရွေးချယ်နိုင်ပါသည်။ မောင်လှသည် FMI စတော့ကို
ဝယ်ယူရာတွင်ဝယ်ယူပိုင်ခွင့် Call Option ဖြင့် မဝယ်ယူပဲ ကြိုဝယ်စာချုပ်
Futures ဖြင့် ဝယ် ယူခဲ့ပါက အခုအချိန်တွင် ကျပ် ၁၅၀၀၀ခန့်အရှုံး ပြနေမည်
ဖြစ်ပါသည်။
ဆုံးရှုံးနိုင်ချေပမာဏ အတိအကျတစ်ခုသာရှိပြီး
အတိုင်းအဆမရှိမြတ်နိုင်သောအခွင့်အရေး ကြောင့် Options များသည်
ရင်းနှီးမြှုပ်နှံ သူများ အကြားတွင် အသုံးဝင်သောစာချုပ်ဖြစ်ပါသည်။ Call
Options များသည်ဝယ်ယူခွင့်များဖြစ်သဖြင့် ဝယ်ယူရန်သတ်မှတ်ထားသည့် ဈေးနှုန်း
Strike Price ထက် ပိုမို ၍ စတော့ဈေးနှုန်းတက်သွားမှ အမြတ်ပေါ်ပါမည်။ Put
Options များမှာ စတော့ ရှယ်ယာ တစ်ခုကိုသတ်မှတ်ထားသည့်ဈေးနှုန်း Strike
Price ဖြင့်ရောင်းချခွင့်များ ဖြစ်သဖြင့် အဆိုပါရှယ်ယာဈေးနှုန်းသည် Strike
Price အောက်ကျဆင်းသွားမှ အမြတ်ပေါ်မည်ဖြစ်ပါသည်။
ရွေးချယ်ခွင့်စာချုပ်များကို သက်တမ်း ကာလမကုန်မှီ တစ်ဦးမှတစ်ဦး
သို့လွှဲပြောင်း ရောင်းချနိုင်ပါ သည်။
ရောင်းချခွင့်ဝယ်ယူခွင့်ကိုသက်တမ်းမကုန်မှီစိတ်ကြိုက်
အချိန်တွင်အသုံးချနိုင်သည့် ရွေးချယ်ခွင့်စာချုပ်ကို American Option ဟုခေါ်
၍ သက်တမ်း ကုန်မှ အသုံးချနိုင်သည့်စာချုပ် ကို European Option
ဟုခေါ်ပါသည်။ American Option သည် European Option ထက် ပရီမီယံ
ဈေးနှုန်းပိုများပါသည်။ ၎င်းတို့အပြင် အခြား ရွေး ချယ်ရောင်းချခွင့် Options
အမျိုးမျိုးကို နိုင်ငံတကာ အိပ်ချိန်းတိုင်းတွင် ရောင်းဝယ်နေကြ ပါသည်။
ရွေးချယ်ခွင့်စာချုပ်များသည် လည်းဈေးနှုန်းခန့်မှန်း ရောင်းဝယ်သည့်
ကြိုရောင်းကြိုဝယ်စာချုပ်များကဲ့သို့ပင် ဖြစ်၍ ရင်းနှီး
မြှုပ်နှံသူများသည်ဆုံးရှုံးမှု ကြီးကြီးမားမား မရှိစေရန် သတိထား
ဆောင်ရွက်သင့်ပါသည်။
ဝရန့်ဆိုတာကကော ဘာလဲ။
-------------------
ဝရန့် Warrant ဆိုသည်မှာ ကာလရှည် ရွေးချယ် ခွင့်
စာချုပ်တစ်မျိုးပင်ဖြစ်ပြီးအများပိုင်ကုမ္ပဏီများ မှ ၎င်းတို့၏
အစုရှယ်ယာရှင်များအတွက်ထုတ်ဝေ ပေးပါသည်။ ဝရန့်တစ်ခုသည် အဆိုပါကုမ္ပဏီ ၏
အစုရှယ်ယာအရေအတွက် တစ်ခုကိုကြိုတင် သတ်မှတ်ထားသော ဈေးနှုန်းဖြင့် သက်တမ်းကာ
လ ၁၀နှစ် ၁၅နှစ် စသည့် အချိန် အတွင်း ဝယ် ယူ ပိုင်ခွင့်ရှိပါသည်။
ကုမ္ပဏီများသည် ၎င်းတို့၏ ငွေ ချေးစာချုပ်များ ကို ဝယ်ယူသည့် အစုရှယ်ယာရှင်
များကို အပိုဆုအနေဖြင့်ဝရန့်များထပ်ဆောင်းပေး အပ် လေ့ ရှိပါသည်။
စတော့အိပ်ချိန်းတွင် ရောင်းဝယ်လေ့ရှိသည့် ငွေချေး
သက်သေခံလက်မှတ်များအကြောင်းစာစဉ် ကို ဒီမှာပဲနိဂုံးချုပ် လိုက်ပါတယ်။
ငွေချေးသက်သေခံ လက်မှတ်အမျိုးမျိုးကို အကျဉ်းချုံ့
မိတ်ဆက်တင်ပြထားခြင်းသာဖြစ်ပါတယ်။ ထိုလက်မှတ်များ၏ အကြောင်းစုံကို
နောက်အစီစဉ်များမှာခေါင်းစဉ်တစ်ခုစီတင်ဆက် သွားပါမယ်။ မိဘပြည်သူများအားလုံး
လွတ်လပ် စွာမေးခွန်း များမေးရန်ဖိတ်ခေါ်လိုက်ပါတယ်။
စတော့ဈေးကွက်မိတ်ဆက် အစီအစဉ်စာစဉ် ၃။ စတော့ဈေးကွက် အကြောင်းဗဟုသုတရရှိရန်
ဤ အစီစဉ်တွင် စာစဉ်များ ဗီဒီယိုတင်ဆက်မှုများဖြင့်မျှဝေ တင်ဆက်သွားပါမည်။