Sunday, April 26, 2015

Real Estate in Yangon City

ဒါဖတ်ပြီးမှ ရန်ကုန်မြို့မှာတိုက်ခန်းဝယ်ပါ။
ဘာကြောင့်ရန်ကုန်မြို့လယ်ခေါင်မှ အိမ်ခြံမြေတိုက်
ခန်းများအပေါ် ရင်းနှီးမြှုပ်နှံမှုမပြုသင့်တော့သလဲ။
ရန်ကုန်မြို့တွင် ပျမ်းမျှတစ်ဦးချင်း ဝင်ငွေထက်သာ
လွန်သည့် ဝင်ငွေများကိုပုံမှန်ရရှိသူ လူလတ်တန်း
စားစု၏ အပေါ်ဆုံးလွှာများတောင်မှ ကြီးမြင့်နေ
သည့် မြို့လယ်ခေါင်အိမ်ခြံမြေ တိုက်ခန်းနှုန်းထား
များ အပေါ်ကုန်ကျတတ်နိုင်စွမ်းမရှိတော့ပါ။ ရန်ကုန်
မြို့ပေါ်နေသူတစ်ဦးဟာ တစ်လလျှင်ပျမ်းမျှအားဖြင့်
ဝင်ငွေသုံးသိန်းလေးသောင်းကျပ်သာ ရရှိနေပြီး မြို့လယ်ခေါင်ရှိအိပ်ခန်းသုံးခန်းပါ တိုက်ခန်းတစ်ခန်း
၏ တစ်လပျမ်းမျှဌားရမ်းခမှာ ၂၄သိန်းကျပ်ရှိနေ
သည့်အခြေအနေပါ။ မြို့တွင်းမှာအိပ်ခန်းတစ်ခန်းပါ
နှစ်ခန်းပါ တိုက်ခန်းများ၏ ပျမ်းမျှနှုန်းထားမှာလည်း
အနည်းဆုံးတစ်လ၃ သိန်းကျပ်မှ အများဆုံးတစ်လ
၁၅ သိန်းကျပ်အတွင်း မှာရှိနေပါတယ်။ ဤနှုန်းထား
များအရ တိုက်ခန်းတစ်ခုကို အများနှင့်စုပေါင်းနေ
ထိုင်ဌားရမ်းမည်ဆိုလျှင်တောင် နေစရိတ်ကုန်ကျမှု
ပမာဏကြီးမားလွန်းနေပါတယ်။ ထိုအကြောင်းအ
ရာများနှင့် များပြားစွာဖော်ဆောင်နေသော ဆောက်
လုပ်ရေးလုပ်ငန်းစီမံကိန်းများကို ကြည့်ခြင်းအား
ဖြင့် ရန်ကုန်မြို့တွင်း အိမ်ခြံမြေသည် ဈေးကွက်ပူ
ဖောင်း တစ်ခုဖြစ်နေသည်ကို တွေ့ရှိရပြီး မဝေး
သောကာလတွင် ဈေးနှုန်းများပြန်ကျနေနိုင်ပါတယ်။
ထို့အတွက် ရေရှည်ရင်းနှီးလိုသော ရင်းနှီးမြှုပ်နှံသူ
များအနေနဲ့ ရန်ကုန်မြို့တွင်း အိမ်ခြံမြေမှာဈေးကွက်
ူပူဖောင်းပေါက်ခြင်းးကို ရှောင်ရှားရန် မရင်းနှီးသင့်
ခြင်းပါ။
………………………………………
ဘာကြောင့် ရန်ကုန်မြို့တွင်း အိမ်ခြံမြေတိုက်ခန်း
ဌားရမ်းခနှုန်းများ ကြီးမြင့်နေရသလဲ။
နှုန်းထားများကြီးမြင့်မှုရဲ့ အဓိကအကြောင်းအရင်း
မှာ ရန်ကုန်တိုက်ခန်းအဌားဈေးကွက်အတွင်း ဝယ်
လိုအားနှင့်ရောင်းလိုအား ကွာခြားမှုကြီးမြင့်လာခြင်း
ကြောင့်ပဲဖြစ်ပါတယ်။ လတ်တလောစီးပွားရေး
ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသို့ဝင်ရောက်
လာသည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ကျွမ်းကျင်လုပ်သားများနှင့် ခရီးသွားဧည့်သည်များ
တို့၏ နေထိုင်ရေးလိုအပ်ချက်ကြောင့် တိုက်ခန်းအ
ဌားဈေးကွက်၏ ဝယ်လိုအားမှာ တိုးတက်သွားခြင်း
ပါပဲ။ ဒီဝယ်လိုအားဘက်မှ လိုအပ်ချက်ကိုဖြည့်တင်း
ရန် အခုအချိန်မှာ ရောင်းလိုအားဘက်မှ ဆောက်
လုပ်ရေးလုပ်ငန်းများက တိုက်တာအဆောက်အအုံ
များစွာကို ဆောက်လုပ်ပြီးပြင်ဆင်နေတာပါ။ ထို့ကြောင့် သုံးလေးနှစ်အကြာတွင် အဆိုပါအ
ဆောက်အအုံ စီမံကိန်းများ ပြီးစီးသွားပါက ဝယ်လို
အားဘက်မှ ရှားပါးမှုပြဿနာကို ပြန်လည်ဖြည့်တင်း
ပေးနိုင်မှာပဲဖြစ်ပါတယ်။ ထိုအခါတွင် တိုက်ခန်း
အမြောက်အများ ဌားရန်ရှိနေပြီ ဖြစ်သောကြောင့်
ဌားရမ်းခနှုန်းထားများလည်း ကျဆင်းလာမှာပါ။ တိုက်ခန်းများ၏ပေါက်ဈေးကလည်း ဌားရမ်းခနှုန်း
ထားများအပေါ် တိုက်ရိုက်မှီခိုနေသည့်အတွက် တိုက်ခန်းတန်ဖိုးများလည်း သိသာစွာကျဆင်းလာပါ
လိမ့်မယ်။ ထိုအချိန်ဟာ ရန်ကုန်မြို့တွင်း အိမ်ခြံမြေ
ပူဖောင်းပေါက်သွားသည့်အချိန်ပဲ ဖြစ်ပါတယ်။ ယခု
အချိန်တွင် ရန်ကုန်မြို့တွင်း တိုက်ခန်းဌားရမ်းခနှုန်း
ထားမှာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင်တိုက်ခန်း
တန်ဖိုး၏ ၈ ရာခိုင်နှုန်းသာဖြစ်ပါတယ်။တစ်နည်း
အားဖြင့်ဆိုသော် ကျပ်သိန်း၁၀၀၀တန်ဖိုးရှိ တိုက်ခန်းတစ်ခန်း၏ တစ်နှစ်ဌားရမ်းခ ရရှိသည့်ဝင်
ငွေမှာ ကျပ်သိန်း၈၀သာဖြစ်ပါတယ်။ ဘဏ်တွေ
မှာစာရင်းသေအပ်ငွေဖွင့်ရင်တောင် တစ်နှစ်အတိုး
နှုန်း၁၀ရာခိုင်နှုန်း ဖြစ်သည့်အတွက် ကျပ်သိန်းတစ်
၁၀၀၀ အပ်နှံရင် တစ်နှစ်သိန်း ၁၀၀ ကျပ်ရရှိမှာပါ။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိုက်ခန်းဝယ်ပြီး အဌားချထားခြင်းသည် ဈေးတက်ရန် အလားအလာ
ရှိသည့်အိမ်ခြံမြေဈေးကွက်များတွင်သာ အကျိုးရှိပါ
သည်။ ယခုလိုဈေးကွက် ပူဖောင်းရေရှည်တွင် ပေါက်နိုင်ချေရှိသည့် ရန်ကုန်မြို့တွင်း အိမ်ခြံ
ံမြေတိုက်ခန်း ဈေးကွက်မှာ လောလောဆယ်တွင်
ရင်းနှီးမြှုပ်နှံတာထက် စာရင်းသေအပ်ငွေဖွင့်တာက
ပိုအကျိုးရှိစေနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတိုင်း ဈေး
ကွက်ပူဖောင်းပေါက်သွားမှ တိုက်ခန်းများဝယ်ယူရင်
တော့ အကောင်းဆုံးအကျိုးအမြတ်များ ရရှိနိုင်တယ်
လို့ပဲ အကြံပြုပါရစေ။
………………………………………
အိမ်ခြံမြေတိုက်ခန်း နှုန်းထားများကျလျှင်လည်း
ဘယ်လောက်ကျနိုင်သလဲ။
ဝယ်လိုအား၏ ကြီးမားတဲ့လိုအပ်ချက်ရှိနေပြီး ရောင်းလိုအားဘက်မှ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိ
သေးချိန်မှာ ဈေးကွက်ပူဖောင်းကြီး ရန်ကုန်အိမ်ခြံ
မြေဈေးကွက်မှာ ဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။
ရေရှည်တွင် ဈေးကွက်သဘာဝအရ ရန်ကုန်အိမ်ခြံ
မြေဈေးကွက်ရှိ နှုန်းထားများလျော့နည်းသွားမှာ ပဲဖြစ်ပါတယ်။ ထို့အတွက် နောက်၅နှစ်ကာလအ
ကြာတွင် ကျဆင်းသွားဖွယ်ရှိသည့် ရန်ကုန်မြို့တွင်း
အိမ်ခြံမြေဈေးကွက်၏ ကျဆင်းနိုင်မှုပမာဏများကို ခန့်မှန်းတင်ပြထားပါတယ်။ အောက်ပါခန့်မှန်းချက်
များအတွက် ရန်ကုန်မြို့နေတစ်ဦး၏ ပျမ်းမျှဝင်ငွေ
မှာ နောက်၅နှစ်အကြာမှာ ၁၀ရာခိုင်နှုန်းခန့် မြင့်တက်လာမယ်ဟု ယူဆထားပါတယ်။ ပျမ်းမျှ
ဝင်ငွေ ၃သိန်း၎သောင်းကျပ်မှ ၅သိန်း၎ိံသောင်း
၈ထောင်ကျပ်သို့ တိုးတက်လာမယ်လို့ဆိုလိုတာပါ။
ထိုယူဆချက်အပေါ်အခြေခံပြီး ခန့်မှန်းရသည်များ
မှာ နောက်၅နှစ်ကာလအကြာတွင် ရန်ကုန်မြို့၏ မြို့
လယ်ခေါင် တိုက်ခန်းဌားရမ်းခ နှုန်းထား၆၀ရာခိုင်
နှုန်းခန့် ကျဆင်းဖွယ်ရှိပြီး တိုက်ခန်းပေါက်ဈေးတန်
ဖိုးများ ၁၇ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိခြင်းတို့ပဲဖြစ်
ပါတယ်။ ဒါဟာ အိပ်ခန်းသုံးခန်းပါ တိုက်ခန်း၏ ဌား
ရမ်းခမှာ ယခုတစ်လ၂၄သိန်းကျပ်ရှိနေရာမှ ၅နှစ်အ
ကြာတွင် တစ်လ ၉သိန်း၈သောင်းကျပ်အထိ သို့ကျ
ဆင်းဖွယ်ရှိသည်ကို ဆိုလိုတာပါ။ တိုက်ခန်းတန်ဖိုးမှာလည်း တစ်စတုရန်းပေတွင် ယခုကျပ် ၂သိန်း ၄သောင်းခန့်ရှိနေရာမှ နောက်ငါးနှစ်အကြာတွင် ၁သိန်း၉သောင်း၉ထောင်ကျပ်အထိသို့ ကျဆင်းဖွယ်ရှိနေတာပါ။ ထိုခန့်မှန်းချက်
များကိုပြုလုပ်ရန် အလားတူဖွံ့ဖြိုး
ဆဲမြို့ပြများဖြစ်သည့်
ဟိုချီမင်း ဘန်ကောက် ဘန်ဂလိုမြို့များရှိ အိမ်ခြံမြေ
ဈေးကွက်များအပေါ် နှိုင်းယှဉ် အခြေခံတွက်ချက်
ထားပါတယ်။ နှိုင်းယှဉ်ချက်များကို အောက်ဖော်ပြပါ
ပုံမှာ တွေ့ရှိနိုင်ပါတယ်။ အပြာရောင်ညွှန်ပြချက်များ
မှာ တစ်ဦးချင်းပျမ်းမျှဝင်ငွေ အနီရောင်ညွှန်ပြချက်မှာ
တိုက်ခန်း၏ တစ်လဌားရမ်းခနှုန်းထားဖြစ်ပြီး အစိမ်း
ရောင်မှာ တိုက်ခန်းရှိတစ်စတုရန်းပေ၏ ပျမ်းမျှတန်
ဖိုးပဲ ဖြစ်ပါတယ်။ ယခုရန်ကုန်မြို့ရှိ နှုန်းထားများ နောက်၅နှစ်ကြာ ရန်ကုန်ရှိ နှုန်းထားများနှင့် အခြား
အလားတူ မြို့များရှိ နှုန်းထားများကို နှိုင်းယှဉ်ပြသ
ထားပါတယ်။
………………………………………
အချုပ်ဆိုရလျှင် ပိုမိုကောင်းမွန်သည့် ယာဉ်ကျော
လမ်းများ အများပြည်သူသုံးသွားလာရေးအတွက်
အဆင့်မြင့်မြို့ပတ်ရထား မြေအောက်ရထားစနစ်
များပေါ်ပေါက်လာသည်နှင့်အမျှ ရန်ကုန်မြို့တွင်း
ရှိ တိုက်ခန်းဈေးနှုန်းများ ကျဆင်းလာမှာဖြစ်ပြီး မြို့
စွန်ဆင်ခြေဖုံး ရပ်ကွက်များရှိ အိမ်ခြံမြေတိုက်ခန်း
ဈေးကွက်များ မြင့်တက်လာမှာ ဖြစ်ပါတယ်။ အစိုးရ
အနေနှင့်လည်း အိမ်ခြံမြေပိုင်ဆိုင်မှု အခွန်များ ကောက်ခံလာရင်လည်း အိမ်ခြံမြေဈေးကွက် တစ်
ဝန်းလုံး ကျဆင်းလာနိုင်ပါတယ်။ ဒီအကြောင်းများ
ဟာ လောလောဆယ် ဖြစ်နိုင်ချေနည်းသော်လည်း
အနာဂတ်တွင် အိမ်ခြံမြေဈေးကွက်ကို ကျဆင်းစေ
နိုင်သည့် အကြောင်းများဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။
ရင်းနှီးမြှုပ်နှံသူအပေါင်း အကျိုးစီးပွား တိုးတက်နိုင်ပါစေ။

source : Myanmar Investment Watch


Why should you not invest in real estate in Yangon City?
The answer is simple and everybody in Myanmar knows it too. Average Burmese citizens just cannot afford current Yangon real estate prices. The monthly rent of a decent three-bedroom apartment in Yangon City is 2400$ while an average Yangoner earns 340$ monthly after tax. Even if he shares the apartment with seven more people, he will have no money left for eating.
Why is the rent so high?
The main reason for sky high rent in Yangon is the supply and demand gap in Yangon apartment market. The massive wave of foreign investor and tourists has increased the demand unproportionally while the supply needs time to adjust due to construction period . However, the rent of an apartment will decrease as soon as new apartment buildings open up in 3 years. Since an apartment’s price is directly related to it ability to earn money or its rent, the price of apartments in Yangon will decrease too.
How much will they decrease?
Assuming the salary of an average worker increase 10%, my model predicts that the rent of a three bed room apartment will decrease by 60% and the price will decrease by 17%. I created my model using similar cities such as Ho Chi Minh City, Bangkok and Bangalore (I use these because they are business centers and from emerging market economy). You can also see the comparison of Yangon apartment prices to those of three cities on my chart below.
End Notes:
I also think that easier transportation, such as high ways or metro system, will decrease apartment prices in city center while favoring the apartment prices outside of town. There might also be a problem with real estate if the government decides to start a property tax.