Saturday, April 18, 2015

ဈေးကွက်ရှာဖွေ ဖေါ်ဆောင်ခြင်းကို စီမံခန့်ခွဲခြင်း

"ဈေးကွက်ရှာဖွေ ဖေါ်ဆောင်ခြင်းကို စီမံခန့်ခွဲခြင်း" ဘာသာရပ်မှာ ကိုယ့်ဆီကို စားသုံးသူရောက်လာအောင် ဆွဲဆောင်ဖို့ နဲ့ ရောက်လာတဲ့ စားသုံးသူကို ကိုယ့်ဆီမှာပဲ စွဲစွဲမြဲမြဲအားပေးတဲ့ သစ္စာရှိဖောက်သည် ဖြစ်အောင်လုပ်နိုင်ဖို့ သိပ်ကို အရေးပါပါတယ်..။ အဲဒီလို လုပ်ဖို့ အချက်ငါးချက် လိုအပ်ပါတယ်..။
အဲဒါကို Customer Relationship Building လို့ အမည်ပေးထားပါတယ်..။
  1. Basic marketing (သမားရိုးကျ လုပ်နေကျအတိုင်း လာပါ ယူပါ ဆိုတဲ့ နည်းနဲ့ ဆွဲဆောင်တာ.. ပြပွဲ လုပ်ပြီး အရောင်းမြှင့်တင် ရောင်းတာ)
  2. Reactive marketing (ဝယ်သူလိုချင်တာကို ရအောင်ရှာပေးပြီး ဆွဲဆောင်တာ.. ကိုယ့်ပြိုင်ဖက် ကုမ္ပဏီက ရောင်းကောင်းနေတဲ့ (ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့) ပစ္စည်းမျိုးကို သူ့ထက် ဈေးချို အောင် သူ့ထက် အပြင်အဆင်လှအောင်လုပ်ရောင်းတာ..။ အကြံတူ နောက်လူသာစမြဲ )
  3. Accountable marketing ( ရလဒ်ကောင်းရလာဖို့ အတွက် ကိုယ့်ကုန်စည်ကို ဂရုစိုက်သလို ကိုယ့်ဆီက ဝယ်ယူမယ့် ဖောက်သည် စိတ်ချမ်းမြေ့ရေး...၊ ယုံကြည်ရေးကို အသေးစိတ် ဂရုစိုက်ပြီး ကိုယ့်အမှတ်တံဆိပ် ကို တာဝန်ယူတဲ့ အတွက် ဝယ်သူစိတ်ချလက်ချ ဖြစ်အောင် ဂရုတစိုက် ရောင်းတာ)
  4.  Proactive marketing (စိတ်ကူးသစ် ပုံစံသစ်နဲ့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းသစ်ကို ဖောက်သည် မမျှော်လင့်ထားတဲ့ အချိန်မှာ မိတ်ဆက် ရောင်းချတာ..။ မလိုသေးတဲ့ ပစ္စည်းကို လိုချင်လာအောင် ဆွဲဆောင်ပြီး ရောင်းချတာ )
  5. Partnership marketing ( ဖောက်သည်တွေရဲ့ အဖေါ်စပ်တတ်တဲ့ သဘာဝကို နားလည်တတ်တာ..။ ကိုယ်တစ်ယောက်ထဲသုံးမယ့်အစား ကိုယ်လဲသုံး သူ့ ကိုလဲ သုံးစေအောင် ယုံယုံကြည်ကြည်နဲ့ ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံပြီး ရောင်းချတာ)

ချစ်ခင်စွာဖြင့်
ကောင်းလွန်း
https://www.facebook.com/koungloon?fref=nf