ရွှေကိုဝယ်၍ စုဆောင်းမည့်သူတိုင်း
သိသင့်သည့်အကြောင်းအရာ ၅ ဖြာ
………………………………………
၁။ မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးကိုလိုက်၍ အတက်အကျဖြစ်သည်။
မြန်မာ့ရွှေဈေးနှင့် အမေရိကန်ရွှေဈေးတို့၏ အတက်အကျကို နှိုင်းယှဉ်ထားသည့်
ဂရပ်ပုံလေးကို အောက်တွင်ဖော်ပြထားပါတယ်။ ဒီဇင်ဘာလ၂၄ရက်လောက်မှ ဇန်နဝါရီလ
၂၃ရက်
အထိ ၃၁ရက်ကြာကာလအတွင်း ဈေးအတက်
်အကျရွေ့လျားမှုကို တွေ့မြင်ရပါမယ်။ ဒီပုံကို
ိုကြည့်ခြင်းအားဖြင့် မြန်မာ့ရွှေဈေးနှင့် အမေရိကန်
ရွှေဈေးတို့၏ အတက်အကျသဏ္ဍာန်ဟာ တူညီလု
ုနီးပါးရှိပြီး မြန်မာ့ရွှေဈေးက
အနည်းငယ်နောက်ကျကာ အတက်အကျ
လိုက်လံဖြစ်ပါတယ်။ ထို့ကြောင့်ရွှေဝယ်
်မည့်သူတိုင်း ရွှေဈေးအတက်အကျကိုခန့်မှန်းလိုလျှင် ပြည်တွင်းဈေးကွက်အပြောင်းအလဲထက် ကမ္ဘာ့ရွှေဈေးကွက်ကို ပိုမိုအာရုံစိုက်
်ကြည့်ရှုသင့်ပါတယ်။ သို့ဖြစ်၍လည်း တစ်ချို့ရွှေဝယ်ရောင်းပြုလုပ်သူတွေဟာ အမေရိကန်
ရွှေဈေးကိုကြည့်၍ အတက်အကျအလိုက်
်မြန်မာ့ရွှေဈေးကို ဝယ်ရောင်းပြုလုပ်လေ့ရှိပါတယ်။ ဒီလိုခန့်မှန်းမှုမျိုးဟာ
အကျိုးအမြတ်ရသည်မှာ မှန်သော်လည်း ဝယ်ဈေးရောင်းဈေးကွာခြားချက်ကို
ကျော်လွန်မှသာ အလွန်နည်းသော
အမြတ်အစွန်းကိုသာ ရရှိပါတယ်။ ထို့ပြင် မြန်မာ့ရွှေဈေးနှင့် ကမ္ဘာ့ရွှေဈေး သဏ္ဍာန်တူသည်
ဆိုသည်မှာလည်း ရေရှည်ကာလတွင်သာဖြစ်ပြီး ရေတိုကာလမှာ ဈေးကျသွားတာမျိုးလည်း ဖြစ်နိုင်တဲ့
ဲ့အတွက်ရေတိုဝယ်ရောင်းလုပ်ရင်
အရှုံးပေါ်နိုင်ပါတယ်။
………………………………………
၂။ ရင်းနှီးမြှုပ်နှံသူတိုင်းအတွက် ရွှေဟာဘေးကင်း
လုံခြုံသည့် စုဆောင်းရာတစ်ခုဖြစ်တတ်ပါတယ်။
ရွှေဟာ တစ်ကမ္ဘာလုံးအရောင်းအဝယ်ပြု ရင်းနှီးမှုတွေလုပ်နေတဲ့
ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သို့ဖြစ်၍ ဘယ်အကြောင်းတရားတွေက ကမ္ဘာ့ရွှေဈေးကို
မြင့်တက်စေနိုင်သလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတိုင်း
အတွက်တော့ ရေရှည်ကာလတွင်စတော့
ဈေးကွက်များဟာ ရွှေဈေးကွက်ထက်
အကျိုးအမြတ်များ ရရှိစေတတ်ပါတယ်။ ထို့ကြောင့်ကမ္ဘာတစ်ဝန်းရှိ
ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့၏ ရင်းနှီးမြှုပ်နှံမှု စာရင်းဇယားခေါ်
Portfolio မှာများသောအားဖြင့် ရွှေဝယ်မထားကြပါဘူး။ ဝယ်စုဆောင်းခဲ့ရင်လည်း
သူတို့၏အခြား
ရင်းနှီးမြှုပ်နှံမှုတွေကို ဆုံးရှုံးနိုင်မှု risk
ကြီးမားတဲ့ကာလတွေမှာ အရှုံးရလဒ်တွေကို ကာမိစေရန်အတွက်ပဲဖြစ်ပါတယ်။ထို့အတွက်
ငွေရေးကြေးရေး စီးပွားရေး နိုင်ငံရေး
အကျပ်အတည်းတွေများတဲ့ ကာလတွေမှာ ရွှေကိုစုပြုံပြီး ဘေးကင်းလုံခြုံသည့်
ပစ္စည်းတစ်ခုအနေနှင့် ဝယ်ယူစုဆောင်းကြတာပါ။ ဒီအကြောင်းတွေက ရွှေဈေးကိုတက်စေနိုင်ပါတယ်။
ဥပမာပြရရင်ဖြင့် အမေရိကန်နိုင်ငံတွင် ငွေကြေးအကျပ်အတည်းဖြစ်နေတဲ့
၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်ကာလတွေမှာ ရွှေဈေးကွက်ဟာ စတော့ဈေးကွက်ထဲက
စတော့အများစုထက် ပိုမိုအမြတ်အစွန်းများကို နှစ်တိုင်းနီးပါးရရှိ
စေခဲ့ပါတယ်။ အခုရွှေဈေးအတက်ဟာလည်း ဆွစ်ဇာလန်ဘဏ်အတိုးလျော့မှု ဆွစ်ငွေဈေး
မြင့်တက်မှုအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ
ငွေအဖွဲ့၏ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်လျော့ကျမှု
စသည့်ဥရောပဈေးကွက် အခြေအနေမကောင်းမှုတွေနှင့် ဆပ်စပ်နေပါတယ်။
ကောက်ချက်ချရရင်ဖြင့် ကမ္ဘာ့စီးပွားရေး စတော့ဈေးကွက် ငွေကြေးဈေးကွက်
အခြေအနေမကောင်းတိုင်းရွှေဝယ်စုဆောင်းရင်များ သောအားဖြင့် အကျိုးအမြတ်များ ရရှိနိုင်ပါတယ်။
………………………………………
၃။ ရွှေသည် ငွေကြေးဖောင်းပွမှုဒဏ်ကို
ကာကွယ်ပြီးသားဖြစ်သည်။
ရွှေ၏အကောင်းဆုံး အရည်အသွေးမှာ ငွေကြေးဖောင်းပွမှုကို ကာကွယ်ပေးခြင်းဖြစ်သည်။
ဒါကိုရှင်းပြနေစရာတောင်မလိုပါ။ ငွေကြေး
ဖောင်းပွရင် ရွှေဈေးလိုက်တက်မယ်ဆိုတာ လူတိုင်းသိပါတယ်။ မြန်မာပြည်၏ ပုဂ္ဂလိက
ဘဏ်တိုးနှုန်းကစုဆောင်းသူတိုင်းအတွက် နှုန်းသေဖြစ်နေတာရယ် စတော့ဈေးကွက်မှာ
ရင်းနှီးမြှုပ်နှံလို့မရသေးတာရယ် လူတိုင်းမှာ ငွေကြေးဖောင်းပွတိုင်း
ကုန်လှောင်ဖို့ဂိုဒေါင်
်မရှိတာတွေရယ်ကြောင့် မြေနှင့်ရွှေဟာ ငွေကြေးဖောင်းပွမှုများနေရင် ကုန်ဈေးနှုန်း
တွေတက်နေရင် ရင်းနှီးမြှုပ်နှံထားဖို့
အသင့်တော်ဆုံးရွေးချယ်မှုတွေပါ။
………………………………………
၎။ ရေရှည်တွင် ရွှေ၏အကျိုးအမြတ်ရနှုန်းမှာ တစ်နှစ်လျှင်ရင်းနှီးမြှုပ်နှံမှု၏ ၄ရာခိုင်နှုန်း
ဖြစ်ပါတယ်။
မည်သူမှ ရွှေဈေးဘယ်နေ့ဘယ်လမှာ ဘယ်လောက်ရှိမလဲမသိပါ။ ကမ္ဘာ့စီးပွားရေး
ပြည်တွင်းစီးပွားရေးပုံမှန် လည်ပတ်နေချိန်တွင် ရွှေဈေး၏အတက်အကျမှာ
ရောင်းလိုအား
နှင့်ဝယ်လိုအားအပေါ်မှာသာ မူတည်ပါတယ်။ စတော့နှင့်ငွေတိုက်စာချုပ် ဘဏ်စုငွေနှင့် စာရင်း
သေအပ်ငွေတွေလိုတော့ နှစ်စဉ်ဝင်ငွေအကျိုးအမြတ်တွေကို ရွှေဝယ်ထားရင် မရနိုင်ပါဘူး။ ဒီတော့
မခန့်မှန်းနိုင်တဲ့ ကမ္ဘာ့စီးပွားရေးအဖြစ်အပျက်များစွာ
ဟာရွှေဈေးပေါ်သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ အတိတ်ကာလမှ ဈေးနှုန်းတွေအပေါ်အခြေခံသုံး
သပ်ကြည့်ပါကလည်း ရွှေသည် ငွေကြေးဖောင်းပွမှုမပါဝင်
ပါက တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ၄ ရာခိုင်နှုန်းအနေ
ဖြင့်ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အမြတ်အစွန်းရရှိစေခဲ့ပါ
တယ်။ အမြတ်အစွန်းကို ဘဏ်တိုးလိုငွေပမာဏ
တိုက်ရိုက်ရရှိခြင်း မဟုတ်ပဲ ရွှေဈေးနှစ်စဉ်တရိပ်ရိပ် တက်ခြင်းအားဖြင့် ရရှိစေတာပါ။ ဒီနှုန်းထားအတိုင်း
ပဲ နောင်လာမည့်နှစ် ၃၀ အတွင်းမှာ ရှိနေလိမ့်မည်
ဟုယေဘုယျခန့်မှန်းနိုင်ပါတယ်။ မြန်မာနိုင်ငံအနေ
ဖြင့် ငွေကြေးဖောင်းပွမှုနှုန်းတစ်နှစ် ၅ ရာခိုင်နှုန်းရှိ
သည့်အတွက် အမြတ်အစွန်းနှုန်းနှင့်ပေါင်းလျှင် ရေရှည်တွင် တစ်နှစ်လျှင် ရွှေဈေး ၉ ရာခိုင်နှုန်းခန့်
မြင့်တက်နိုင်သည်ဟု ပျမ်းမျှအားဖြင့်ခန့်မှန်းရပါ
သည်။ သို့ဖြစ်၍ရွှေသည် အတက်အကျမြန်သည့်အ
ကြောင်းကြောင့် ဆုံးရှုံးနိုင်ချေအလွန်နည်းပါးသည့်
ဘဏ်စုငွေ၏ အတိုး၈ ရာခိုင်နှုန်းလောက် ရေရှည်
ရင်းနှီးမြှုပ်နှံလိုသူများအတွက် မကောင်းနိုင်ပါ။
………………………………………
၅။ ရွှေသည် ၂၀၁၅တွင် ဘေးကင်းလုံခြုံဆုံးရင်းနှီး
မြှုပ်နှံမှုများထဲမှ တစ်ခုဖြစ်သည်။
မြေယာဥပဒေသစ်ပြဌာန်းမှုတွေ ငွေကြေးမူဝါဒသစ်တွေ စတော့ဈေးကွက်စတင်ဖြစ်တည်လာနိုင်မှုတွေနှင့်အထွေထွေ ရွေးကောက်ပွဲများကြောင့် ၂၀၁၅ခု
နှစ်ဟာ ရင်းနှီးမြှုပ်နှံသူတိုင်း အတွက်စိတ်လှုပ်ရှားစ
ရာနှစ်တစ်နှစ်ဖြစ်ပါပြီ။ အပြောင်းအလဲများစွာရဲ့
အောက်မှာ ရင်းနှီးမြှုပ်နှံအကျိုးအမြတ်ရရှိဖို့ အခွင့်
အလမ်းများစွာ ရှိသလို ထိုအပြောင်းအလဲတွေ
ကြောင့်ပဲဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သို့သော်
လည်းမြန်မာ့ရွှေဈေးဟာ ဥရောပစီးပွားရေးနှင့် ငွေ
ကြေးအခြေအနေမကောင်းမှု တရုတ်ပြည်တိုးတက်
မှုနှေးကွေးလာမှု စသည့်ကမ္ဘာ့စီးပွားရေး အခြေအ
နေများနှင့် ပြည်တွင်းစီးပွားရေးတွင် အပြောင်းအလဲ
များရှိနိုင်မှုတို့ သက်ရောက်ချက်တွေကြောင့်အနည်း
ငယ်ထပ်မံတက်နိုင်ပြီး များသောအားဖြင့် တည်ငြိမ်
နေနိုင်ပါတယ်။ရင်းနှီးမြှုပ်နှံသူများအနေနှင့်အပြောင်း
အလဲများနိုင်တဲ့ ဤကာလမှာ ပိုင်ဆိုင်မှုတိုးပွားဖို့
ထက် တည်ငြိမ်အောင်သာထိန်းသိမ်းချင်တယ်ဆို
ရင် ဘေးကင်းလုံခြုံတဲ့ရွှေကိုသာ ရင်းနှီးမြှုပ်နှံသင့်
ပါကြောင်းပြောကြားလိုပါတယ်။
5 things you should know about investing in gold
(1) Myanmar gold price follows World gold price
Below is a graph of gold price in Myanmar versus gold price in United
States. You can see that Myanmar gold price and United States gold price
are almost identical with slight delay in Myanmar. Thus, if you want to
predict the gold price, you might want to do it on a global scale
instead of focusing on the local market. Some people in Myanmar have a
misconception that they can use US gold
price as a leading indicator. That is true except that the gold price
change is usually too small to cover the cost of transaction.
(2) Gold is a safe haven for investors.
Since we have mentioned that gold is a global asset, we need to know
what causes global gold price to increase. It is widely known fact that
stock market outperforms gold in the long run and, hence, most people
don’t like to put gold in their portfolio except for diversification
purpose. Thus, gold is considered around the world as a to-go asset only
in times of financial distress and political and economic crisis. For
example, in United States, gold outperforms most asset classes in the
year 2008,2009,2010,2011 due to the investor fear amid the great
depression.
(3) Gold is inflation proof.
The most attracting
feature of gold is a good hedge against inflation. This needs no
illustration. Since the bank deposit rate in Myanmar is fixed and there
are no easily accessible public stocks. Assuming you have no storage
house for commodity, land and gold are your only choice in an
inflationary economy.
(4) Gold real return in long run is approximately 4%.
Nobody knows the price of gold in a day or in a month. Gold price is
purely supply and demand driven, has no cash flows like stocks or bonds
and can be affected by unpredictable global events. Our only compass is
that, in the past, gold had a real return of 4% and it will most likely
give similar returns in the upcoming 30 years. In Myanmar, gold will
give a nominal return of 9% yearly due to expected inflation of 5% and
real return of 4% in the long run. Hence, it barely beats the bank
saving rate of 8% and will not be a good investment for long term
investors.
(5) Gold will be safest asset in 2015
2015 is a
very exciting year for Myanmar investors due to the emergence of stock
market, the 2015 election and the in-statement of monetary policy. There
are plenty of opportunities and misfortunes to be made. However, gold
price in Myanmar is more likely to be stable due to its connection to
global market. If you are one of those investors who is more concerned
preserving your wealth than making a fortune out of this exciting year,
gold will be your safest bet.