Piles Q and A လိပ်ခေါင်းရောဂါ အမေးအဖြေများ
ဆရာ လိပ်ခေါင်းရောဂါနဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်များသိချင်ပါတယ်။ နေ့တိုင်း ဝမ်းချူသင့်မသင့် (ဘယ်လို အချိန်မှာ ချူသင့်) နဲ့ ဘယ်လိုဝမ်းချူနည်းကို သုံးသင့်လဲပါ ပြောပြပေးပါဆရာ။
ဖြစ်တဲ့သူ ကျား-မ မသိရပါ။ အသက် မသိရပါ။ လိပ်ခေါင်းရောဂါ သေချာပါသလား။
မိန်းကလေးပါဆရာ။ အသက်က ၂၂ ပါ။ မနေ့က အိမ်သာတတ်ရင်းနဲ့ ပြီးခါနီးလက်နဲ့စမ်းကြည့်တော့ ထွက်နေပါတယ်ဆရာ။
လိပ်ခေါင်းရောဂါကနေ ဖြစ်လာနိုင်တာတွေက -
၁။ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲပြစ်ရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းေ ပါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။
၅။ ဝမ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။
လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်ကဝမ်းချုပ်တတ်ပြန်တယ် ။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့  ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။
ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြော ရရင်
အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးမတီ
(ရုံးပတီး)သီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊
ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊
မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊
ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး၊
ဝမ်းချုပ်ရင် ပြင်းတဲ့ ဝမ်းနုတ်ဆေးအစားခပ်ပြော့ပြော့သောက်ပါ။ ကောင်းတာက Milk of Magnesia or Cream of Magnesia ခေါ်တဲ့ ဆေးရည်ကိုမအိပ်ခင် ဟင်းစားဇွန်း ၂ ဇွန်းသောက်ပါ။ဝမ်းသွားတဲ့အခါ
နာတာဖြစ်ရင် လိပ်ခေါင်း ထည့်ဆေး တခုခုကို ဝမ်းမသွားခင် ထည့်ပေးလို့ရတယ်။
ဆေးတောင့်လဲလာတယ် (ခရင်မ်) လဲလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊
တချို့ကထုံဆေးသဘောဖြစ်တယ်။
အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာမီးလှုံရင်း၊ မြေစိုက် မီးဖိုမှာထမင်းချက်ရင်း၊ သန်းရှာရင်းစသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလိုခုံအနိမ့်ကို မသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာလုပ်ရတိုင်း၊ စအိုနေရာကိုစိတ်ကနေထိန်းထား ပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှ လုပ်ပါ။အိမ်သာကဆောင့်ကြောင့်  ထိုင်ရတာမျိုးကိုမသုံးပါနဲ့ ။
အင်္ဂလိပ်ပုံစံဆိုတာမျိုး သုံးပါ။ ခါးကို ၉ဝ ဒီဂရီထိုင်လို့ရတာမျိုး။
ဝမ်းသွားပြီးတိုင်းစက္ကူ၊ တွိုင်းလက်ပေပါ၊ တစ်ရှူး အစား၊ ရေကိုသာသုံးပါ။
လိပ်ခေါင်းကို ဆေးနဲ့ကုတယ်ဆိုတာခံစားနေရတာ တွေ သက်သာစေဘို့ ဖြစ်တယ်။
• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာထိုင်ပါ။ ထပ်ထိုင်နိုင်လေကောင်းလေ။
• ရောင်နေရင် ရေခဲကပ်ပေးပါ။
• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။
• ဝမ်းသွားပြီးတိုင်းစအိုကိုစိုနေတဲ့အဝတ်၊ တစ်ရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာအကောင်းဆုံးပါ။
• နာနေရင် Acetaminophen or Aspirin ဆေးတမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။
• လိပ်ခေါင်းထည့်ဆေးတမျိုးမျိုးထည့်ပါ။
Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့ကနာတာ၊ ရောင်တာ၊
ယားတယတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -
- Proctosedyl ointment
- Homeopathic Hemorrhoid Relief ointment
- Anusol HC Ointment
- Avenoc Ointment
- Hemorrhoidal Ointment
- Heel/BHI - Hemorrhoid Relief Ointment 50g
- Hemmorex Ointment 1oz
- Avenoc' Ointment
- Medline Hemorrhoid Relief Ointment - 2 Oz Tube
အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2.Injection Sclerotherapyထိုးဆေးနည်း၊
3.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4.Laser Coagulation လေဆာနည်း၊
5.Hemorrhoidectomyခွဲစိတ်န ည်း၊
အပြင်လိပ်ခေါင်းကုသနည်းများ
1.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
2.Laser Coagulation လေဆာနည်း၊
3.Hemorrhoidectomyခွဲစိတ်န ည်း၊
• ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကအကောင်းဆုံးဖြစ်တယ်။
• အပြင်လိပ်ခေါင်မှာရုတ်တရက်ေ သွးပြန်ကြောပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်းချက်ချင်းလုပ်တာ ကောင်းတယ်။
မိမိဖါသာဂရုစိုက်နည်း
• လိပ်ခေါင်းအတော်များများကသူ့ ဖါသာသူ ၁-၂ ပါတ်အတွင်းသက်သာလာ နိုင်တယ်။
• ဖိုင်ဘာများအစားအစာတွေ စားပါ။
• ရေတနေ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။
• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်းအိပ်ရာဝင်သောက်ပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
• အလုပ်မအားလို့ ဝမ်းသွားမှာကိုထိန်းထာတာမျိုးမလုပ်ပါနဲ့။
• တကိုယ်ရေသန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေးလုပ်ပါ။
Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ http:// doctortintswe.blogspot.com/ 2014/12/ piles-and-pregnancy.html
Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း http:// doctortintswe.blogspot.com/ 2014/12/piles-q-and.html
Sitz bath ရေနွေးထိုင်နည်း http:// doctortintswe.blogspot.com/ 2014/11/sitz-bath.html
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http:// doctortintswe.blogspot.com/ 2015/04/ piles-hemorrhoids-treatment .html
Dr. တင့်ဆွေ
ဆရာ လိပ်ခေါင်းရောဂါနဲ့ပတ်သတ်ပြ
ဖြစ်တဲ့သူ ကျား-မ မသိရပါ။ အသက် မသိရပါ။ လိပ်ခေါင်းရောဂါ သေချာပါသလား။
မိန်းကလေးပါဆရာ။ အသက်က ၂၂ ပါ။ မနေ့က အိမ်သာတတ်ရင်းနဲ့ ပြီးခါနီးလက်နဲ့စမ်းကြည့်တေ
လိပ်ခေါင်းရောဂါကနေ ဖြစ်လာနိုင်တာတွေက -
၁။ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။
၂။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပ
၎။ ထွက်နေတဲ့ လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို (ဆားခါး) မှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းေ
၅။ ဝမ်းသွားတဲ့အခါ နာတာ။ ဒါတွေဘဲ ဖြစ်မှာပါ။
လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်ကဝမ်းချုပ်တတ်ပြန်တယ်
ဝမ်းပြော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြော
ဝမ်းချုပ်ရင် ပြင်းတဲ့ ဝမ်းနုတ်ဆေးအစားခပ်ပြော့ပြေ
အစိုးရိမ် မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာဆောင့်ကြောင့် မထိုင်ပါနဲ့။ ဗမာပြည်မှာမီးလှုံရင်း၊ မြေစိုက် မီးဖိုမှာထမင်းချက်ရင်း၊ သန်းရှာရင်းစသဖြင့် လုပ်ချိန်သုံးတဲ့ ဖင်ထိုင်ခုံလိုခုံအနိမ့်ကို
လိပ်ခေါင်းကို ဆေးနဲ့ကုတယ်ဆိုတာခံစားနေရတာ
• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာထိုင်ပါ။ ထပ်ထိုင်နိုင်လေကောင်းလေ။
• ရောင်နေရင် ရေခဲကပ်ပေးပါ။
• (ကော်တွန်) အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။
• ဝမ်းသွားပြီးတိုင်းစအိုကိုစ
• နာနေရင် Acetaminophen or Aspirin ဆေးတမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။
• လိပ်ခေါင်းထည့်ဆေးတမျိုးမျိ
- Proctosedyl ointment
- Homeopathic Hemorrhoid Relief ointment
- Anusol HC Ointment
- Avenoc Ointment
- Hemorrhoidal Ointment
- Heel/BHI - Hemorrhoid Relief Ointment 50g
- Hemmorex Ointment 1oz
- Avenoc' Ointment
- Medline Hemorrhoid Relief Ointment - 2 Oz Tube
အတွင်းလိပ်ခေါင်းကုသနည်းမျာ
1. Rubber Band Ligation သားရေကွင်းနည်း၊
2.Injection Sclerotherapyထိုးဆေးနည်း၊
3.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4.Laser Coagulation လေဆာနည်း၊
5.Hemorrhoidectomyခွဲစိတ်န
အပြင်လိပ်ခေါင်းကုသနည်းများ
1.Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
2.Laser Coagulation လေဆာနည်း၊
3.Hemorrhoidectomyခွဲစိတ်န
• ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကအကောင်းဆုံးဖြစ
• အပြင်လိပ်ခေါင်မှာရုတ်တရက်ေ
မိမိဖါသာဂရုစိုက်နည်း
• လိပ်ခေါင်းအတော်များများကသူ
• ဖိုင်ဘာများအစားအစာတွေ စားပါ။
• ရေတနေ့ ၈ ခွက်သောက်ပါ။
• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။
• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်းအိပ်ရာဝင်သောက်ပါ။
• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။
• အလုပ်မအားလို့ ဝမ်းသွားမှာကိုထိန်းထာတာမျိ
• တကိုယ်ရေသန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေးလုပ်ပါ။
Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://
Piles and Pregnancy ကိုယ်ဝန်နဲ့ လိပ်ခေါင်း http://
Sitz bath ရေနွေးထိုင်နည်း http://
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://
Dr. တင့်ဆွေ