Saturday, May 30, 2015

Leverage Power

Leverage Power (ကုတ်အား)
သင်တစ်ယောက်တည်း အလုပ်ကပေးအပ်တဲ့တာဝန်ကို ကျားကုတ်ကျားခဲ နေ့မအိပ်ညမအိပ်ကြိုးစားနေရုံနဲ့ လူချမ်းသာတစ်ယောက်မဖြစ်နိုင်ပါဘူး။ သင်ကတစ်လကို ၀င်ငွေ ၁၀ သိန်းရှိတယ်ဆိုရင် တစ်လကို ၃ သိန်းလောက်တော့စုကောင်းစုမိပါလိမ့်မယ်။ တစ်လ ၃သိန်းနှုန်းနဲ့ အနှစ် ၄၀ လောက် အဘိုးကြီး၊အဘွားကြီးဖြစ်တဲ့အချိန်အထိမှန်မှန်စုနိုင်တဲ့အခါမှ သိန်းပေါင်း ၁၄၄၀ လောက်စုမိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ် အသက် ၆၀ ကျော်လောက်ရောက်တဲ့အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့်တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄၀၀ ကျော်လောက်ဟာ သိန်း ၆၀၀ ၀န်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာပါ။ နှစ်ပေါင်း ၄၀ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။
ထပ်ပြောပါရစေဦး။ သင်ကတစ်နေ့ကို ၈နာရီနှုန်းနဲ့ နှစ်ပေါင်း၄၀ အလုပ်လုပ်တာဟာ နာရီပေါင်း ၃,၅၀၄,၀၀၀ နာရီလောက်အလုပ်လုပ်ခဲ့တဲ့အဓိပါယ်ပါပဲ။ တစ်ကယ်လို့များ လူပေါင်း ၄၀ လောက်ကတစ်နေ့ကို ၈ နာရီနှုန်းနဲ့ဝိုင်းပြီး ကိုယ့်အတွက်အလုပ်လုပ်ကြမယ်ဆိုရင်ကိုယ် နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းပြီး လုပ်ရမယ့်အချိန်တွေနဲ့ ရရှိမယ့် ချမ်းသာကြွယ်ဝမှုက ဘယ်လိုဖြစ်မယ်ထင်သလဲ????
ကျိန်းသေတာကတော့ အနှစ်၄၀လောက်ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့လုပ်အားနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀၀ိုင်းလုပ်တဲ့အခါ ၁နှစ်ပဲကြာပါလိမ့်မယ်။ နှစ်ပေါင်း၄၀ရှာရတဲ့ ငွေကြေးပမာဏကို နှစ်အနည်းငယ်အတွင်းရှာနိုင်ပါလိမ့်မယ်။
ဥပမာတစ်ခုပေးပါရစေ…
တန်ချိန်နဲ့ချီတဲ့ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အနေနဲ့ ရွှေ့အောင်တွန်းဖို့ဖြစ်နိုင်သလားဆိုရင် အဖြေကတော့…ဘယ်လိုမှမဖြစ်နိုင်ပါဘူး.. ခက်ခဲပါလိမ့်မယ်…
ဒါပေမယ့်ကျောက်တုံးကြီးနဲ့ လူနဲ့အကြားမှာ သစ်သားတုံးတစ်တုံးခံလိုက်ပါ။ ပြီးတော့တုတ်တစ်ချောင်းနဲ့ကလန့်ပြီး အားစိုက်ဖိချလိုက်တဲ့အခါ အောက်ကထောက်ပံ့ပေးတဲ့သစ်သားတုံးကိုခုတုံးလုပ်ပြီး ဖိချလိုက်တဲ့တုတ်တံရဲ့ ကုတ်အားကြောင့် လေးလံလှတဲ့ ကျောက်တုံးကြီးကိုအလွယ်တကူရွှေ့နိုင်ပါတယ်…
သည်နေရာမှာ အောက်ကသစ်သားတုံးကို အလုပ်တစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ စနစ်တစ်ခုလို့သတ်မှတ်ပါ။ ကလန့် လိုက်တဲ့တုတ်တံကို ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အရည်အချင်းကောင်းတွေလို့သတ်မှတ်ပါ။ အဓိပါယ်ကဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ။ Leverage Power လို့ခေါ်တဲ့ကုတ်အားကိုအသုံးပြုမယ်ဆိုရင် သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။ တစ်ယောက်တည်းရဲ့ လုပ်အားဟာ အလွန်အင်အားနည်းပါးပါတယ်။ သင့်အတွက်လူအများရဲ့ လုပ်အားကိုတစ်ပြိုင်တည်း အသုံးချနိုင်အောင်ကြိုးစားပါ။ သင့်မှာလိုအပ်တာ လုပ်ငန်းတစ်ခုထူထောင်ဖို့ အမှားနည်းတဲ့ စနစ်(System)တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင် တည်ဆောက်ထားနိုင်ဖို့ပါပဲ။
အကြမ်းဖျင်းအားဖြင့်(ကုတ်အား)Leverage Form ခုနှစ်မျိုးရှိပါတယ်။ Leverage Point လို့လည်းပြောကြပါတယ်။
1.OPM – Other People’s Money (သူများရဲ့ပိုက်ဆံ)
2.OPT – Other People’s Time (သူများရဲ့အချိန် )
3.OPW – Other People’s Work (သူများရဲ့လုပ်အား)
4.OPE – Other People’s Experience (သူများရဲ့အတွေ့အကြုံ)
5.OPI – Other People's Ideas (သူများရဲ့အကြံဥာဏ်)
6.SPD – Scalable Production and Distribution (နေရာတိုင်းရောက်နိုင်တဲ့ထုတ်ကုန်)
7.SCB – Scalable Customer Base (လူတိုင်းဆီရောက်နိုင်ဖို့ ပြုလုပ်ခြင်း)
ဒါတွေကခုနကပြောတဲ့ ကုတ်အားတွေကိုအသုံးပြုရမယ့် Leverage Point ပါပဲ။ဒါတွေကသင်ကောင်းကောင်းအသုံးချနိုင်ရင်သင် လူချမ်းသာတစ်ယောက်လုပ်လို့ရပါပြီ။ စာဖတ်လိုက်တာနဲ့ လုပ်နေတဲ့အလုပ်ကနေ ချက်ချင်းထွက်ချင်စိတ်တွေပေါက်သွားမယ်ထင်တယ်..
အခုပတ်ဝန်းကျင်မှာချမ်းသာနေတဲ့ သူဌေးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။ သူတို့က စဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အလုပ်လုပ်ပါတယ်။ တစ်ချို့ဆိုရင် အဲ့ဒါတွေတောင်မလုပ်ပါဘူး။ သူများပိုက်ဆံတွေနဲ့အလုပ်လုပ်တယ်။ ၀န်ထမ်းတွေရဲ့အချိန်တွေကိုဝယ်တယ်။ ၀န်ထမ်းတွေရဲ့အတွေ့အကြုံကောင်းတွေကိုအသုံးပြုပြီး
သူတို့ကိုယ်တိုင်က သူဌေးလုပ်ပါတယ်။
သင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင် အဖြေက အရမ်းကြီးကိုဖြစ်နိုင်ပါတယ်။ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့ ထိုက်သင့်တဲ့ သင်ယူလေ့လာဖို့အချိန်တော့လိုအပ်တာပေါ့။

Saturday, May 23, 2015

interest rates

Market drivers
Rising interest rates strengthen that country's currency
ယေဘုယျအားဖြင့် Interest rates ဆိုတာ ပိုက်ဆံချေးငှားဖို့အတွက် ဘယ်လောက်ကုန်ကျနိုင်မလဲ၊ မိမိတို့ ပိုင်ဆိုင်ထားတဲ့ Bonds တွေ၊ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ ဘယ်လောက် အကျိုးအမြတ်ပြန်ရနိုင်မလဲအပေါ်မူတည်ပြီး စဉ်းစားအသုံးချကြပါတယ်။
အခြေခံအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ Interest rates တွေ မြင့်တက်နေတယ်ဆိုရင် အဲဒီနိုင်ငံရဲ့ Currency prices တွေဟာလည်း အားကောင်းလာနိုင်ပါတယ်။ အကြောင်းက မြင့်တက်လာတဲ့ Interest rates တွေကြောင့် Foreign investors တွေကို ပိုမို ဆွဲဆောင်နိုင်လို့ပါ။
ဥပမာအားဖြင့် Eurozone က Interest rate မြင့်တက်မှုက U.S investors တွေကို U.S dollars တွေ ရောင်းချဖို့ တွန်းအားဖြစ်စေပြီး Euros မှာ Bonds တွေ ပြန်ဝယ်ယူဖို့အတွက် ဖြစ်လာပါတယ်။ အဲဒီလိုပဲ Switzerland က Interest rate မြင့်တက်လာပြီဆိုရင် အဲဒီနိုင်ငံက Investors တွေကို Euro-bonds တွေ ရောင်းချပစ်ဖို့ ဆုံးဖြတ်ချက်ချစေနိုင်ပြီး မြင့်တက်နေတဲ့ Swiss francs ရဲ့ Bonds တွေအတွက် ဖြစ်လာမှာပါ။ ဒါကြောင့် Euros ရဲ့ Currency prices တွေ ကျဆင်းစေနိုင်ပြီး Swiss francs ရဲ့ Currency ကတော့ တက်ပြီပေါ့ဗျာ။
Oil-dependent countries weaken as oil prices rise
လေကြောင်းလိုင်းတွေနဲ့ အခြား Oil ကို မှီခိုနေရသော Industries တွေက Oil prices တွေ မြင့်တက်မှုကြောင့် ထိခိုက်လာနိုင်ပါတယ်။ U.S နဲ့ Japan တို့ဆိုရင် Foreign oil ကို သိသိသာသာမှီခိုနေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တကယ်လို့ Oil prices တွေသာ ဆက်လက်မြင့်တက်နေမယ်ဆိုရင် Commodity-based economies တွေဖြစ်တဲ့ Australia တို့၊ Canada တို့လို နိုင်ငံတွေရဲ့ Currencies တွေကို ၀ယ်ယူဖို့၊ Oil-dependent currencies တွေကို ရောင်းချဖို့အတွက် စဉ်းစားရတော့မှာပဲ ဖြစ်ပါတယ်။

Saturday, May 9, 2015

about FBS

Spreads
http://www.fbs.com/forex-spreads

 Calculator
http://www.fbs.com/traders-calculator


Pre-Trade Checklist

One Minute Pre-Trade Checklist Any Trader Can Use
=============================================
Here are the basic components that your checklist should cover.
Most of these questions can be answered in a quick yes / no fashion so it should only take you a few seconds for each.
After you go through the 5-8 questions, you should be on your way to making a higher probability trades.
Here are some questions you can use to make up your checklist that correspond to the chart above:
‪#‎Is‬ the market trending or ranging?
‪#‎Are‬ the bulls or bears currently in control?
#Are the indicators that I use confirming my trade?
#Is there a significant level of support or resistance nearby?
#Are there any significant new releases coming up that could impact the trade?
‪#‎Where‬ should the market not go if my edge is correct or where should i get out of the trade?
‪#‎Am‬ I utilizing no more than 5x leverage on my account?
‪#‎Should‬ I enter this trade based on the prior answers?
There is no need to worry about being a perfect trader who will never take a loss because it won’t happen.
However, you can focus on taking trades that align with the set ups that you feel deserve your time and capital.
A trading checklist like the one above is a tool you can use to make sure that you’re on the path to consistence trading.
Happy Trading!
-Written by Tyler Yell, Trading Instructor

supp/resi


FED

Fed က QE tapering လုပ်မှာမို့ ရွှေဈေးတွေကျတယ်လို့ facebook မှာ သတင်းတွေမှာရေးကြတော့ Fed ဆိုတာ

ဘာလဲ QE tapering ဆိုတာဘာလဲ မေးကြပါတယ်။ Fed ဆိုတာ Federal Reserve of United State ပါ အမေရိကန်
ဗဟိုဘဏ်ပေါ့ တစ်နိုင်ငံလုံးရဲ့ငွေရေးကြေးရေး policy တွေချမှတ်တဲ့ဌာနပေါ့ သူ့ရဲ့ policy အပြောင်းအလဲ တစ်ခုဟာ
ကမ္ဘာ့ရွှေဈေး စတော့ဈေးတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်လောက်အောင် အင်အားကြီးပါတယ်။ FOMC ဆိုတာ
ကတော့ Federal Reserve's Open Market Committee ပါ အတူတူပါပဲ QE ဆိုတာက တော့ Quantitative Easing
ပါ purchasing bond (ငွေချေးစာချုပ်ဝယ်ယူခြင်း) လို့လဲခေါ်ပါတယ် tapering ကတော့ လျော့ချတာပါ။
အမေရိကန်စီးပွားရေးကျတဲ့အခါ လူတွေဘဏ်က အတိုးနှုန်းနဲနဲနဲ့ ငွေတွေချေးပြီး စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်အောင်
Fed ကဘဏ်တွေဆီက bond တွေဝယ်ပါတယ်။အဲဒီလို Fed ကဘဏ်တွေဆီက bond တွေဝယ်တဲ့အခါ ငွေကြေးဖောင်းပွမှုတွေဖြစ်ပြီး ရွှေဈေးတက်ပါတယ်။ bond

ဝယ်တဲ့ amount ကိုလျှော့ချ (tapering) လိုက်မယ်လို့သတင်းတွေထွက်ရင် လုံးဝမဝယ်တော့ဘူး ရပ်လိုက်တော့မယ်လို့

သတင်းတွေထွက်ရင် ရွှေဈေးကျပါတယ်။ ငွေဖောင်းပွမှုလျော့ပြီး အမေရိကန်ဒေါ်လာဈေးမာတော့မှာကိုး ကမ္ဘာမှာ

ဒေါ်လာဈေးတက်ရင် ကမ္ဘာ့ရွှေဈေးကျပါတယ်။ မြန်မာမှာဒေါ်လာဈေးတက်ရင် မြန်မာ့ရွှေဈေးတက်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မြန်မာမှာဒေါ်လာဈေးတက်တယ်ဆိုတာ မြန်မာကျပ်ငွေတန်ဖိုးကျတဲ့အဓိပ္ပါယ်ပါ။

မြန်မာကျပ်ငွေတန်ဖိုးကျတော့ မြန်မာကျပ်ငွေနဲ့ဝယ်ရတဲ့ မြန်မာ့ရွှေဈေးတက်တာပေါ့။

==============================================

Wednesday, May 6, 2015

Economic Calendar

HOW TO READ THE ECONOMIC CALENDAR
==========================
ဒီပို့စ်က Economic Calendar ရဲ့ မားကတ်အပေါ်သက်ရောက်မှု (Impact) နဲ့ အကျိုးအမြတ်ရှာဖွေမှု (Profit) အပိုင်းကို အဓိက တင်ပြသွားမှာဖြစ်ပါတယ်။
ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း How To Read The Economic Calendar ဆိုတဲ့အတိုင်း Calendar ကိုဖတ်ဖို့ပဲ အဓိက တင်ပြမှာဖြစ်ပြီး Fundenmental Anaylysis လိုတော့ အသေးစိတ်ကျမှာ မဟုတ်ပါဘူး။ အဲဒီ Fundenmental Anaylysis ကို
ကျွန်တော့်အနေနဲ့လည်း လေ့လာဆဲအဆင့်သာ ရှိသေးကြောင်း ကနဦးတင်ပြလိုပါတယ်။
တကယ့်နယ်ပယ်မှာ Fundenmental Anaylysis ကို Stock ကစားသူ၊ ကိုင်ထားသူများအတွက် အကျိုးကျေးဇူးများတဲ့ Anaylysis တစ်မျိုးပါ။ Fundenmental Anaylysis သဘောက Chart ကြည့်သလို ရေတိုကာလအတွက် အဓိက
ဦးတည်ချက်မဟုတ်ဘဲ၊ ရေရှည်ကာလအတွက် အဓိက ဦးတည်တဲ့ Anaylysis အမျိုးအစားဖြစ်ပါတယ်။
ကျွန်တော် ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က အဲဒီ Fundenmental Anaylysis ကို ရေတိုကာလမှာ Chart Pattern များနဲ့တွဲယှက်ပြီးအသုံးပြုလို့ရအောင် တင်ပြသွားပေးဖို့ ဖြစ်ပါတယ်။ ဒါဆို ကျွန်တော်တို့ စလိုက်ရအေင်ပါ။
# Calendar မဖတ်မှီ ဘာတွေလိုအပ်မလည်း။
----------------------------------------------
1. Calendar မဖတ်မှီ Reliable ဖြစ်တဲ့ Calendar Software (or) Web site ရှိနေရပါမယ်။
- တစ်ချို့ဆော့ဝဲလ်တွေက အချိန်တော်တော်ကြာနောက်ကျမှ ဒေတာပြတတ်ပါတယ်။
- တစ်ချို့တွေက Myanmar Standard Time (GMT +6.30) ထားလို့မရတာလည်း ရှိပါတယ်။
* Investing, FxPro Tool, FxStreet တို့ကို ကျွန်တော်သုံးပါတယ်။
* Forex အလေ့ထကြောင့် High Impact Data များကို ထွက်ချိန်မှာ ချက်ချင်းတော့ သိနိုင်ဖို့အနဲငယ်ခက်ပါတယ်။
2. မိမိအသုံးပြုမယ့် ဆော့ဝဲ (သို့မဟုတ်) ၀က်ဆိုဒ်ရဲ့ အပြင်အဆင်ကို သိဖို့လိုပါတယ်။
- ပုံမှန်အားဖြင့် ဒေတာထွက်မည့်ရက်၊ အချိန်၊ ဒေတာအမျိုးအစား၊ သက်ရောက်မှု၊ Actual, Forecast, Previous ပုံစံမျိုးဖြင့် ပြထားပါတယ်။
(ပုံ ၁ တွင် ကြည့်ပါခင်ဗျာ။)
- Technical News Column,Forecast Column, Chart Column များလည်းပါတတ်ပါတယ်။
အဲကသတင်းတွေက ဖတ်သင့်ပါတယ်။ အချိန်နဲ့တပြေးညီလည်း သတင်းတွေ တက်တတ်ပါတယ်။
3. မိမိ Trade လုပ်နေတဲ့၊ လုပ်မယ့် အတွဲ (Pair) ကို သေချာသိဖို့လိုပြီး Economic Data, Technical News Column,Forecast Column, Chart Column များတွင် အဓိကထား ကြည့်ဖို့လိုအပ်မယ်လို့ထင်ပါတယ်။
- ဥပမာအားဖြင့် ကျွန်တော်တို့ဟာ XAUGOLD (ရွှေနဲ့ဒေါ်လာ) Pair ကို ကိုင်မယ်ဆိုပါစို့။
ဒါဆို ကျွန်တော်တို့က US, China, India တို့နဲ့ပတ်သတ်တဲ့ အထက်က အချက်တွေကို Focus လုပ်ဖို့လိုမယ်လို့ ကျွန်တော်ထင်ပါတယ်။
- ထို့အတူ အခြားသော အတွဲများကိုလည်း ၄င်းတို့နှင့် သက်ဆိုင်တဲ့နယ်ပယ်အလိုက် Focus လုပ်ဖို့လိုမယ်လို့လည်း ထင်ပါတယ်။
4. အရေးကြီးအနေနဲ့ မိမိ လက်ရှိ မပိတ်ရသေးသောလော့ရဲ့ အခြေနေနဲ့ အရေးကြီးဒေတာတွေထွက်ချိန်နဲ့ ချိန်ထိုးကြည့်ဖို့လိုပါတယ်။
- အရင်ပို့မှာ ကျွန်တော်တင်ပြခဲ့သလိုမျိုး လက်ရှိမားကတ် Trend က မည်သို့ပင်ဖြစ်နေစကာမူ အရေးကြီးဒေတာထွက်ချိန် (အထူးသဖြင့် အမေရိက) မှာ လက်ရှိ Trend အနေထားက လုံးဝကို ပြောင်းပြန်ဖြစ်သွားတတ်ပါတယ်။
5. Economic Calender တွင်သုံးစွဲထားသော အခေါ်အဝေါ်များကိုလည်း သိရှိထားရမှာဖြစ်ပါတယ်။
- ဒီနေရာမှာ ပြောလိုတာက အခေါ်အဝေါ်အားလုံးကို ကျွန်တော်တို့ သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် မိမိ အားသန်တဲ့ Trade လုပ်လိုတဲ့ အတွဲအစပ်နဲ့ပတ်သတ်မယ့် အခေါ်အဝေါ်တွေကိုတော့ မဖြစ်မနေ သိရှိရမှာဖြစ်ပါတယ်။
- နောက်မှာ ခေါင်းစဉ်တစ်ခုအနေနဲ့ ဒီအခေါ်အဝေါ်တွေကို ကျွန်တော်အနည်းငယ်တင်ပြထားပါတယ်။ အသေးစိတ်တော့ မတင်ပြတော့ပါဘူးနော်။ အကြမ်းမျဉ်းသဘောလေးပဲ အောက်မှာ တင်ပြပါရစေ။
‪#‎Economic‬ Calendar တွင် သုံးစွဲသောအခေါ်အဝေါ်အချို့နှင့် ရှင်းလင်းချက်အကျဉ်း
1. Consumer Confidence Index (CCI)
- မြန်မာလိုဆိုရင် စားသုံးသူ ယုံကြည်မှုအညွှန်းကိန်းလို့ ခေါ်လို့ရမယ်ထင်ပါတယ်။
- လစဉ် နောက်ဆုံး အင်္ဂါနေ့မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- အမေရိကန် အိမ်ထောင်စု 5000 ကို ၄င်းတို့ရဲ့ ငွေကြေးအခြေနေ၊ လျှပ်စစ်ဓါတ်အားသုံးစွဲမှု စဖြင့်မေးမြန်းထားခြင်းဖြစ်ပါတယ်။
- ဒီ CCI မှာဆိုရင် အချက် ၃ချက်ဖြစ်တဲ့ စားသုံးသူတွေရဲ့ထင်မြင်ယူဆချက်(လူတွေလက်ရှိအချိန်မှာဘယ်လိုခံစားနေရသလဲ)၊လက်ရှိစီးပွါးရေးအခြေနေ(စီးပွါးရေးအခြေနေက ဘယ်လိုသွားနေလဲ)၊ စားသုံးသူတွေရဲ့မျှော်လင့်ချက်(နောက်
၆လအတွင်းစီးပွါးရေးအခြေနေက မည်သို့ဖြစ်လာနိုင်သလဲ) စသည့် အရေးကြီးအချက်တို့ကို ရောင်ပြန်ဟပ်စေပါတယ်။
- စားသုံးသူတွေနဲ့စားသုံးသူတွေရဲ့ ယုံကြည်မှု၊စိတ်ကျေနပ်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံး ဖြစ်တာကြောင့် ဒီ CCI အညွှန်းကိန်းများဟာ Forex Market အတွက်ကြီးမားတဲ့ လှုပ်ခတ်မှုကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ၄င်း CCI ထုတ်ပြန်တဲ့
နိုင်ငံရဲ့ ငွေကြေးတန်ဖိုးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။
2. Consumer Credit Report
- လကုန်ပြီးနောက် ၅ ပတ်အကြာခန့်မှ ထုတ်ပြန်လေ့ရှိပါတယ်။
- ဒီ Report က FED မှ ခန့်မှန်းထားသော တစ်ဦးချင်းဆီလို့ လူသုံးကုန်ပစ္စည်းများဝယ်ယူနိုင်ရန် ချေးငွေပေးထားမှု၊ ပုဂ္ဂလိကဆန် ငွေချေးပေးမှု (တနည်းအားဖြင့် စိတ်မချရသော ငွေချေးမှု) ပမာဏဖြစ်ပါတယ်။
- ဒီခန့်မှန်းချက်ပမာဏကလည်း အနာဂတ်မှာ စားသုံးသူတွေရဲ့ ငွေသုံးစွဲနိုင်မှုကို ပြဆိုဖို့အတွက် Indicator ကောင်းတစ်ခုဖြစ်ပါတယ်။
3. Consumer Price Index (CPI)
- ဒီဒေတာကိုတော့ လစဉ်တိုင်း၏ လလယ်ခန့်မှ ထုတ်ပြန်လေ့ရှိပါတယ်။
- ဒီဒေတာက အထက်က ဖေါ်ပြထားတဲ့ ဒေတာကို Index အနေနဲ့ဖေါ်ပြထားခြင်းလည်း ဖြစ်ပါတယ်။
- ဒီ Index က မားကတ်ကို ကြီးမားတဲ့လှုပ်ခတ်ရွှေ့လျားမှုမဖြစ်နီုင်ပေမယ့် အထက်က ဖေါ်ပြခဲ့သလိုမျိုးအနာဂတ်မှာ ဖြစ်ပေါ်လာမယ့် တစ်ဦးချင်းစားသုံးမှုအခြေနေကို ဖေါ်ပြရာမှာ အရေးပါလှပါတယ်။
4. Durable Goods Report (ကြာရှည်ခံ ကုန်ပစ္စည်းအမှာစာ)
- ဒီဒေတာကိုတော့ လစဉ် ၂၀ ရက်ဝန်းကျင်ခန့်မှာ ထုတ်ပြန်လေ့ရှိတတ်ပါတယ်။
- ဒီအချက်ကို US census bureau က ထုတ်ပြန်တာဖြစ်ပြီး၊ ဒီ ရီပို့မှာဆိုရင် ထောင်ပေါင်းများစွာသော တာရှည်ခံ ကုန်ပစ္စည်းထုတ်လုပ်သူများကနေ ရရှိတဲ့ အမှာစာတွေပါဝင်ပါတယ်။
- ဒီထဲမှာ ပါဝင်တဲ့ပစ္စည်းများကတော့ ဈေးကြီးပြီး သက်တမ်း ၃နှစ်အထက် အသုံးပြုလို့ရတဲ့ ပစ္စည်းများ၊ ကား၊ အီလက်ထရောနစ်ပစ္စည်းများ၊ တာဘိုင်ကဲ့သို့ပစ္စည်းများ ပါဝင်ပါတယ်။
- ဒီအမှာစာ တိုးတက်လာမှုဟာ စီးပွါးရေးအားကောင်း၊ကျယ်ပြန့်မှုကို ပြရာလည်း ရောက်ပါတယ်။
5. Employee Cost Index (ECI)
- ဒီဒေတာကိုတော့ ဧပြီလ၊ ဇူလိုင်လ၊ နိုဝင်ဘာလနှင် ဇန်န၀ါရီလတို့ရဲ့ နောက်ဆုံးအပတ် ကြာသပတေးနေ့မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- လေးလပတ် အစီရင်ခံစာအမျိုးအစားဖြစ်ပြီး လုပ်သားများနဲ့ပတ်သတ်သော အသုံးစရိတ်၊လစာ၊ အကျိုးရလဒ်များကို ရောင်ပြန်ဟပ်တဲ့ ဒေတာလို့ပြောရင်လည်း မမှားပါဘူး။
- ဒီလိုတွက်ချက်ရာမှာ ပြီးခဲ့တဲ့ လေးလပတ်ရဲ့ တစ်နာရီလုပ်သား၊လုပ်အားအခြေနေကို တွက်ချက်ထားတာလည်းဖြစ်ပါတယ်။
- အလုပ်သမား သို့မဟုတ် ၀န်ထမ်းများအတွက် ကုန်ကျစရိတ်ဟာ စီးပွါးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကြီးမားတဲ့အစိတ်အပိုင်းတရပ်လည်းဖြစ်ပါတယ်။
- ဒါကြောင့် ဒီကုန်ကျစရိတ်များဟာ ဆိုလျှင် စီးပွါးရေးလုပ်ငန်းများ၏ ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် များစွာသက်ရောက်မှုရှိပါတယ်။
- ဒါကြောင့် ဒီဒေတာကို အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွမှု၊ ဈေးကွက်ဝေစုရရှိမှုတို့ကို စဉ်စားရမှာ ထည့်သွင်းတွက်ချက် စဉ်းစားကြပါတယ်။
6. Employment Situation Report
- လတစ်လ၏ ပထမ သောကြာနေ့တိုင်းတွင် ထုတ်ပြန်လေ့ရှိပါတယ်။
- ဒီ Report ကို Bureau of Labor Statistics (BLS) က ထုတ်ပြန်တာဖြစ်ပြီး၊ Survey ၂ ခုဖြစ်တဲ့ Establishment Survey နဲ့ Household Survey တို့ပါဝင်တာဖြစ်ပါတယ်။
- Establishment Survey မှာ စီးပွါးရေးလုပ်ငန်းပေါင်း ၄ သိန်းကျော်ကို Sample လုပ်ထားပြီး အရေးကြီးအချက်လက်တွေဖြစ်တဲ့ Non-Farm Payrolls, Hours Worked, Hourly Earnings တို့ပါဝင်ပါတယ်။
- Household Survey မှာဆိုရင် အိမ်ထောင်စုပေါင်း ၆သောင်းကျော်ကို Sample လုပ်ထားပြီး အလုပ်မှထုတ်ပယ်ခံရသော အရေအတွက်၊ အလုပ်လက်မဲ့အရေတွက်အတွက်တို့ကို ဖေါ်ပြပါတယ်။ ဒီအချက်ဟာဆိုရင် နိုင်ငံတ၀ှန်းလုံးရဲ့
စီးပွါးရေးကောင်းမှုအတွက် လိုအပ်ချက်၊လစ်ဟာချက်ကို ထောက်ပြရာမှာလည်း အရေးပါလှပါတယ်။
- Employment Situation Report တစ်ခုလုံးဟာ FED ရဲ့ပေါ်လစီချမှတ်ရာမှာ လွမ်းမိုးမှုရှိလို့ အရေးကြီးသော Report တစ်ခုလည်း ဖြစ်ပါတယ်။
7. Existing Home Sales
- လတစ်လ၏ လေးပတ်မြောက်မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- National Association of Realtors မှ ထုတ်ပြန်တဲ့ ရီပို့လည်းဖြစ်ပါတယ်။
- အသစ်ဆောက်လုပ်သော အိမ်ယာမဟုတ်သော ရှိပြီးသားအိမ်ယာတွေရဲ့ အရောင်းပမာဏကို ဖေါ်ပြတဲ့ဒေတာတွေလည်းဖြစ်ပါတယ်။
- ဒီဒေတာအရ အိမ်ယာလိုအပ်ချက်ကို သိရှိမှာဖြစ်ပြီး ဒီအချက်တွေက စီးပွါးရေးကောင်းမကောင်းကို သုံးသပ်ရာမှာလည်း ထည့်သွင်းစဉ်းစားရတာဖြစ်ပါတယ်။
8. Factory Orders Report
- လတစ်လ၏ ပထမအပတ်မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- တာရှည်ခံကုန်ပစ္စည်းနှင့် တာရှည်ခံမဟုတ်သောကုန်ပစ္စည်း (စားသောက်ကုန်၊အ၀တ်အထည်) တို့ကို ပေါင်းစပ်ထုတ်ပြန်ပေးတဲ့ Report ဖြစ်ပါတယ်။
- Information အတော်များများကို လစဉ် 20 ရက်ဝန်းကျင်မှာ ထုတ်ပြန်တဲ့ Durable Good Report ကြောင့် သိရှိကြပြိးဖြစ်လို့ Durable Goods Report ကဲ့သို့ အင်ဖောမေးရှင်းနည်းပါတယ်။ ဒါကြောင့် ဒီဒေတာထွက်ပေါ်မှုအပေါ်မှာ မားကတ်က
လှုပ်ခတ်မှုသက်ရောက်မှုနည်းတယ်လို့ ပြောလို့လည်းရပါတယ်။
- ဒါပေမယ့် ဒီအချက်တွေကနေပြီး GDP ကို ခန့်မှန်းရာမှာထည့်သွင်းစဉ်းစားကြပါတယ်။
9. Gross Domestic Product (GDP)
- ကြိုတင် ထုတ်ပြန်ချက်အဖြင့် လေးလပတ်ကုန်ဆုံးပြီးတွင် ထုတ်ပြန်လေ့ရှိပြီး၊ နောက်ဆုံး ထုတ်ပြန်မှုကိုတော့ လေးလပတ်ကုန်ဆုံးပြီး သုံးလအကြာလောက်မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- GDP ဟာတိုင်းပြည်တစ်ပြည်ရဲ့ အရေးကြီးဆုံး Indicator ဖြစ်ပါတယ်။
- ဒီဒေတာကနေပြီး တိုင်းပြည်တပြည်ရဲ့ ကုန်စည်နဲ့ဝန်ဆောင်မှုဈေးကွက်တန်ဖိုးကို ဖေါ်ပြနေပြီး ဒီဒေတာကို trader တိုင်းဟာ နက်နက်ရှိုင်းရှိုင်းနားလည်းမယ်ဆိုရင် မားကတ်ကို အောင်မြင်စွာ Analysis လုပ်နိုင်မှာဖြစ်ပါတယ်။
10. Housing Starts
- လတစ်လ၏ 17 ရက်နေ့ဝန်းကျင်မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- US မှာရှိသော အိမ်ယာတည်ဆောက်သူများရဲ့ စတင်တည်ဆောက်တဲ့ အိမ်ယာအရေအတွက်ဖြစ်ပါတယ်။
- အိမ်ယာအသစ်စတင် ဖောင်းဒေးရှင်းချခြင်း၊ အိမ်ယာအသစ်တည်ဆောက်ခွင့်ရခြင်းတို့ကို ဒီ Report မှာ ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။
- ဒီ Report ဟာ US ရဲ့ ဆောက်လုပ်ရေးလောက တစ်ခုလုံးရဲ့ အခြေနေနှင့်၊ စီးပွါးရေးတစ်ခုလုံးရဲ့ အခြေနေကို ညွှန်ပြတဲ့ Indicator လို့လည်း သတ်မှတ်လို့ရပါတယ်။
- ဒီ Report နှင့်ဆက်နွယ်ပြီး အနာဂတ်ကာလတွင် လူတွေရဲ့ အိမ်ယာအသစ်ဝယ်ယူမှု၊ အိမ်ထောင်ပရိဘောကအသုံးအဆောင်ဝယ်ယူမှုနဲ့ငွေကြေးသုံးစွဲနိုင်မှုကို ဆက်စပ်စဉ်းစားသုံးသပ်လို့ရပါတယ်။
11. Industrial Production
- လတစ်လ၏ ၁၆ ရက်နေ့ဝန်းကျင်မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- ဒီ Report ကနေ US မှာရှိတဲ့ စက်ရုံ၊အလုပ်ရုံ၊ သတ္တုတွင်းများကနေ ထုတ်လုပ်တဲ့ ကုန်ကြမ်းပမာဏကို သိရှိနိုင်ပါတယ်။ ဒီ Report မှာဆိုရင် ဖေါ်ပြပါ ကုန်ကြမ်းပစ္စည်းများကို ထည့်သွင်းတွက်ချက်ထားသည့်နည်းတူ သတင်းစာ၊စာအုပ်၊
စာစောင်ထုတ်ဝေမှုကိုလည်း ထည့်သွင်းတွက်ချက်ထားပါတယ်။
12. Jobless Claims Report
- ဒီ Report က အမေရိကမှာ ရှိတဲ့ အလုပ်လက်မဲ့ပမာဏကိုသိရှိနိုင်ပါတယ်။
- နိုင်ငံတစ်နိုင်ငံမှာ အလုပ်လက်မဲ့များပါက ၄င်းနိုင်ငံ၏ စီးပွါးရေးအခြေနေမကောင်းနိုင်တာက အကြမ်းမျဉ်းမှတ်သားလို့ရပါတယ်။
- ဒီလို Report မျိုးမှာ Positive သဘောမျိုးဖြစ်ပါက မားကတ်ကို ကြီးမားစွာ သက်ရောက်မှုမရှိနိုင်ပေမယ့်၊ Negative သဘောထွက်လာရင်တော့ မားကတ်ကို ကြီးမားတဲ့ သက်ရောက်မှုဖြစ်လာတတ်ပါတယ်။
(Initial Jobless Claims က အလုပ်လက်မဲ့ စဖြစ်တဲ့ ပမာဏ ကိုရည်ညွန်းပါတယ်။ သူတို့နိုင်ငံများမှာ အလုပ်မရှိပါက သက်ဆိုင်ရာ ဌာနကို သတင်းပို့ရပြီး အဲဒီဌာနမှ အသစ် Report လာလုပ်မှု မှတ်တမ်းပြုထားတဲ့ Report ဖြစ်ပါတယ်။)
(Continuos Jobless Claims ကတော့ ကနဦး Initial Jobless Claims ထဲမှ အလုပ်ရရှိသွားတဲ့ ပမာဏကို နှုတ်ပယ်ပြီး ဆက်လက်ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ အရေအတွက်ဖြစ်ပါတယ်။)
13. Money Supply
- ပုံမှန်အားဖြင့် ကြာသပတေးနေ့တိုင်းမှာ ထုတ်ပြန်လေ့ရှိတဲ့ ဒေတာဖြစ်ပါတယ်။
- ဒီဒေတာကနေ စိးပွါးရေးတစ်ခုလုံးမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏနှင့်သုံးစွဲလို့ရတဲ့ ငွေကြေးပမာဏကို ညွှန်ပြပါတယ်။
- အပတ်စဉ်ထုတ်ပြန်တဲ့ ဒေတာဖြစ်တာကြောင့် ရေတို Short Term အနေနဲ့မားကတ်မှာ သိသာတဲ့ သက်ရောက်မှုမရှိနိုင်ဘူးလို့ ဆိုလို့ရပါတယ်။
- ဒါပေမယ့် ဒီဒေတာက ငွေဖောင်းပွမှုနှင့် တိုင်းပြည်ရဲ့ GDP နဲ့ ရှင်းလင်းတဲ့ ဆက်နွယ်မှုရှိနေပြီး၊ စီးပွါးရေးတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုအဖြင့်ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
14. Producer Price Index (PPI)
- လတစ်လရဲ့ ဒုတိယအပတ် (သို့မဟုတ) တတိယအပတ်မှာ ထုတ်ပြန်လေ့ရှိပါတယ်။
- လက်ကားအရောင်းဌာနကြီးများ (တနည်းအားဖြင့် ထုတ်လုပ်သူများ) အဆင့်ရှိတဲ့ စီးပွါးရေးလုပ်ငန်းတွေက ရယူထားတဲ့ Weighted Index of Prices ဖြစ်ပါတယ်။
- ဒီ Index ထဲမှာဆိုရင် Import ကိုလည်း ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။
- ဒီထဲမှာ အရေးကြီးဆုံး ကိန်းဂဏန်းက PPI Industry Index (Finished) ဖြစ်ပါတယ်။
- PPI Industry Index (Finished) ထဲမှာ ကုန်ထုတ်လုပ်မှု (ထိခိုက်လွယ်သော အစားအသောက်နှင့် စွမ်းအင်အစိတ်ပိုင်းမပါ) များရဲ့ နောက်ဆုံးအဆင့် ကုန်ထုတ်လုပ်မှုစရိတ်ဖြစ်ပါတယ်။
ဒီအထိတော့ ဖတ်ထားကြပါဗျာ။
ရေးရင်း၊ရေးရင်နဲ့ မကုန်နိုင်တော့ဘူး လက်လည်းညောင်းလှပြီး။
ဒါကို Part 1 လို့ပဲ နာမည်ပေးပါရစေတော့ဗျာ။
Part 2 ဘယ်တော့လာမလည်းဆိုတော့။
ကျွန်တော်လည်း မသိသေးဘူး။

 Linn Zayar Kyaw

RoI

အထွေထွေမှတ်စု (၁)
==========
- Cent 1 Lot = Standard 0.001 Lot
- Cent 100 Profit = + 1$
- Cent 100 Loss = - 1$
- မားကတ်ကို ပြောင်းပြန်မလုပ်ပါနဲ့။
- ပြောင်းပြန် အော်ဒါနှစ်ခု တပြိုင်းတည်း မဖွင့်ပါနဲ့။
- တလဟော ထိုးးဆင်းလျှင် လိုက်ရောင်းလို့ရတယ်။
- တဟုန်ထိုး ထိုးတက်ရင် လိုက်မ၀ယ်တာကောင်းတယ်။
- တဟုန်ထိုး တက်နေပြီးလား ရောင်းဖို့အချိန်ကို စောင့်နေပါ။
- တလဟော ထိုးဆင်းနေပြီးလား ၀ယ်ဖို့အချိန်စောင့်နေပါ။
- စိတ်မလှုပ်ရှားပါနဲ့၊ စိတ်အေးအေးထားပါ။
- အနိမ့်ဆုံးမှတ်ရောက်ဖို့စောင့် အခြေနေပေးလျှင် ၀ယ်ပါ။
- အမြင့်ဆုံးမှတ်ရောက်ဖို့စောင့် အခြေနေပေးလျှင် ရောင်းပါ။
- Support နဲ့ Resistance ကို အလကားမဖြစ်စေနဲ့။

လေးစားလျှက်
Linn Zayar Kyaw
======================================

Pip
===
လက်ရှိ ရွှေဈေးကွက် မှာ buy price(ask) က 1177.40 ရှိတယ် ထားပါတော့ဗျာ... အဲဒိကနေ... 1177.41 ဖြစ်သွားရင် 1 pip တက်သွားတယ်လို့ပြောပါတယ်..
1177.39 ဖြစ်သွားရင် 1pip ကျသွားတယ်ပေါ့ဗျာ.....
USD pairs တွေမှာဆိုရင် ဒသမ လေးနေရာ ဖြတ်လေ့ရှိပီး
JPY နဲ့ ရွှေ မှာတော့ ဒသမ နှစ်နေရာကိုဖြတ်လေ့ရှိပါတယ်..
‪#‎Volume‬(lot)
များသောအားဖြင့်တော့ lot လို့ခေါ်ကြပါတယ်.....
1 lot မှာ USD 100,000 နဲ့ တန်တဲ့ ပမာဏ ကို ပြောတာပါ.
ရွှေမှာဆိုရင်တော့ 500 အောင်စ ပါ...
ငွေ ဆိုရင် 5000 အောင်စ ပါ...1 lot ကိုပေါ့နော်.....
1 lot ဝယ်ထားတဲ့ သူတစ်ယောက်ဟာ... 1pip တက်တိုင်းတက်တိုင်း မှာ 10 USD မြတ်ပါတယ်...
ဒီအတိုင်းဘဲ 1 pip ကျသွားရင် 10 USD ရှုံးနေပါတယ်...
ဆိုတော့...
0.1 lot trade ရင် 1pip ဟာ 1usd ပေါ့
0.01 lot ဆိုရင် 0.1 usd အပြောင်းလဲရှိမှာပေါ့... ပုံသေနည်းတွေနဲ့ပြောရင်ရှုပ်ပါတယ်..ဒီအတိုင်းသာမှတ်ထား...အေးရော....
‪#‎spread‬
အရင် ကပြောခဲ့ပါတယ် ... buy price နဲ့ sell price ကွာဟချက်ကို spread လို့ခေါ်ပါတယ်....
အဲဒိ spread ဟာ broker တွေကို လိုက်ပီး... ပြောင်းလဲနိုင်ပါတယ်....
ယေဘုယျ အားဖြင့်တော့ major pair တွေမှာ 5 ပတ်ဝန်းကျင်ရှိပီး....
Cross rate တွေမှာတော့ 8,10 ပတ်ဝန်းကျင်မှာ ရှိပါလိမ့်မယ်...
ရွှေ နဲ့ ငွေက တော့ 50 ပတ်ဝန်းကျင်ရှိပါလိမ့်မယ်.....
(Major pair တွေ cross rate တွေကို ကျွန်တော် currency pairs အကြောင်းမှာ ပြောပြီးပါပီ)
Spread 1 ဆိုတာဟာ 1 pip ကွာတါကိုဆိုလိုတာပါ......
ဒါဆိုတော့ 1 lot trade တဲ့သူဟာ spread 5 ရှိတဲ့ currency pairs မှာ trade ရင် သူဈေးဖွင့်လိုက်တာနဲ့ usd 50 စရှုံးနေပါပီ.......နားလည်လားမသိဘူး...
Ok ပါ နဲနဲပြောကြည့်မယ်...
Forex မှာ ကိုယ်ဝယ်ရတဲ့ဈေးဟာ ကိုယ်ရောင်းရမယ့်ဈေး
ထက်အမြဲ နည်းပါနေပါတယ်.။
အပြင်မှာ ဆိုဗျာ... ၅ကျပ်နဲ့ဝယ်ရတဲ့အရာဟာကိုယ်ရောင်းရင် ၁၀ ရမယ် ... ဈေးကွက်ကတော့ တည်ငြိမ်တယ်
Forex မှာ ကျတော့ ကိုယ် ၁၀ နဲ့ဝယ်တဲ့ အချိန်မှာ ကိုယ်ရောင်းရင် ၅ ကျပ်ဘဲရမယ်... ဈေးကွက်က အမြဲလှုပ်နေတယ်.... ဒီတော့
ကိုယ့် ရောင်းဈေး မြင့်လာအောင်စောင့်ပေါ့.......
ဟော ကိုယ်က ၁၅ ကျပ်နဲ့ ရောင်းတဲ့ အချိန်မှာ ကိုယ့်ဝယ်ရမယ့်ဈေး က ၂၀ ဖြစ်သွားရော.....
ဒါပေမယ့် ကိုယ် နားစွန့်ရမှာက ဝယ်မယ် ဆိုရင် သူ့ရောင်းဈေးနဲ့ အလုပ်လုပ်ရပီး ရောင်းမယ် ဆိုရင်တော့ သူ့ဝယ်ဈေးနဲ့ အလုပ်လုပ်ရပါတယ်.........ကျန်တာတွေ မသိချင်ယောင်ဆောင်နေလိုက်.ပေါ့....
ဟုတ်ပါပီ ခုနကဟာပြန်ဆက်ရရင်.... ကျွန်တော်တို့ ၅၀ ရှုံးနေတဲ့ အတွက် ကိုယ် ဝယ်ထားရင် 5 pip ဈေးတက်မှ ကိုယ် အရင်းဘဲ ကျေဦးမယ် ... 5pip ကျော်မှ အမြတ်ရမယ်.....
ကိုယ်ရောင်းထားရင် 5 pip ကျော်ဈေးကျသွားမှ ကိုယ်အမြတ်ရမယ်......
ဒါကြောင့်.... broker ရွေးတဲ့ အချိန်မှာ spread ကိုထည့်စဉ်းစားပီး ရွေးသင့်တယ်လို့.......
ဒါတောင် commission မပါသေးဘူး..
အကယ်လို့များ commission 50 တောင်းတဲ့ broker ဆိုရင်... ခင်ဗျား ဟာ. 10 pip ကျော်သွားမှ စပီးအမြတ်ရမှာပါ...
ဒါကြောင့် commission ကိုလဲ ထည့်စဉ်းစားပါ.....
ဟုတ်ပါပီး ခင်ဗျားပြောတဲ့... 1lot ကို usd 100,000 ဆိုရင်...
ကျွန်တော်တို့က usd 100 ဘဲ deposit လုပ်ထားတာ ဘယ်လို လုပ် 1lot trade လို့ရနေတာလဲ..... လို့တွေးမိလိမ့်မယ့်....
ဒါက leverage ရဲ့သဘောပါ....
ဒီနိုင်ငံတွင်း broker တွေကတော့ leverage 1:100 ဘဲပေးတာများပါတယ်....
Online မှာဆိုရင်တော့.1:2000 လောက်ထိရနိုင်ပါတယ်....
Leverage ဆိုတာ အရင်ပြောခဲ့သလိုဘဲ အကြွေးစနစ်ပါ....
ကိုယ့် လက်ရှိ ငွေကို leverage နဲ့မြှောက်ရင် ရတဲ့ငွေ အထိ ကျွန်တော်တို့ trade လ်ုနိုင်ပါတယ်......
ဥပမာ...... ၁၀၀ deposite လုက်ထားပီး 1:1000 leverage ရရင်.... 100,000 (1lot) ထိ အများဆုံး trade လုပ်နိုင်တယ် ဆိုတဲ့သဘောပါ..........
ဒါကကြောင့် broker ရွေးရင် leverage ကိုလဲ ကြည့်ပါ......
 ===============================================
ကျနော် တို့ Trade လုပ်တဲ့အခါမှာ Chart ကို ကြည့်ကြသလို FA လို့ခေါ်တဲ့ Fundemental Analysis ကိုလည်း မပစ်ထားသင့်ဘူးထင်ပါတယ်။
ကျွန်တော်တို့က Market Expert တွေမဟုတ်ကြတော့ ဖြစ်လာမယ့် ဒေတာတွေကို Detail Analysis လုပ်ဖို့တော့ ခက်မှာပါ။
သို့သော်..........
ကျွန်တော် Trade လုပ်မယ့် Pair တွေနဲ့ ပတ်သတ်တဲ့ ဒေတာတော့ နည်းနည်းသိဖို့လိုမယ်ထင်ပါတယ်။
ကျွန်တော် အမြင်ကတော့ ဒီအချက်တွေ သိထားရမယ် ထင်ပါတယ်။
- USD သည် အခြားငွေကြေးထက် ယေဘူယျအားဖြင့် တန်ဖိုးရှိသည်။
- Gold သည် USD ဖြင့် အရောင်းဝယ်လုပ်သည်။
- Gold နှင့် USD သည် နိုင်ငံများ၏ အရံအဖြင့်၎င်း Save Fund အဖြင့်၎င်း နိုင်ငံခြား အရံငွေကြေးအဖြင့် ၄င်း ထားရှိကြသည်။
- Gold ကို China နှင့် India မှ အဓိက သုံးစွဲသည်။
- USD သည် International Currency အဖြင့် များစွာ အရေးပါသော ငွေကြေးဖြစ်သည်။
- Euro ကို ဥရောပအဖွဲ့ဝင်နိုင်ငံများတွင် သုံးစွဲကြသည်။
တကယ် Trade ချိန် ကျနော်ဒါတွေမြင်ပါတယ်
- Economic Data မထွက်ချိန် ထွက်ဖို့ ဝေးချိန်ဆို Chart တွေ ကောင်းစွာ အလုပ်လုပ်ပါတယ်။
- Economic ထွက်ပြီးချိန်တွင် မားကတ်က Side Way ပြေးပြီး ပုံမှန် Trend ကို ပြန်ဝင်တတ်ပါတယ်။
- Economic Data ဒေတာကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ထွက်ချိန်တွင် ပုံမှန် Trend ကနေ အထက် သို့မဟုတ် အောက်ကို Pips အတော်များများ ပြေးတတ်ပါသည်။
- Economic Data မထွက်မှီ နာရီအဝက်အလိုမှ ထွက်ပြီး နာရီဝက်အထိ Chart နဲ့ Calendar ကို မျက်စိဒေါင့်ထောင့် ကြည့်နေသင့်ပါသည်။
- Eco Data မထွက်မှီ ၁၅ မိနစ်အလို Chart အနေထားက Uptrend ဖြစ်နေရင် Sell ဖို့ပြင်ပါ။ Down Trend ဖြစ်နေရင် Buy ဖို့ပြင်ပါ။
- Chart တွင် ပြတ်သားတဲ့ Buy Sell Signal များ ဒီလိုချိန်မှာ ပေါ်လာတာနဲ့ ပေါ်လာတဲ့ Signal အရ လျင်လျင်မြန်ုမြန် Buy Sell လုပ်ပါက အမြတ်ရနိုင်ပါမယ်။ Signal ငြိမ်တာနဲ့ ပိတ်ရမှာဖြစ်ပါတယ်။
- Daily Chart အရ အတွေ့ကြုံအရ အနိမ့်ဆုံးဈေးတစ်ခုတွင် Buy Limit ထားခြင်း၊ အမြင့်ဆုံးဈေးတစ်ခုတွင် Sell Limit ထားထားခြင်းဖြင့်လည်း အမြတ်အစွန်းသေချာနိုင်စေပါမယ်။
=================================================
 Margin = 1/Leverage

Margin Requirement = Current Price × Units Traded × Margin အာ့တေသုံးပီး တွက်ကြည့်လေ........margin requirement ထက် Deposit ကများမှ ထွိတ်လို့ရပါမယ်။။။။

================================================= 

Sunday, May 3, 2015