Saturday, May 23, 2015

interest rates

Market drivers
Rising interest rates strengthen that country's currency
ယေဘုယျအားဖြင့် Interest rates ဆိုတာ ပိုက်ဆံချေးငှားဖို့အတွက် ဘယ်လောက်ကုန်ကျနိုင်မလဲ၊ မိမိတို့ ပိုင်ဆိုင်ထားတဲ့ Bonds တွေ၊ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ ဘယ်လောက် အကျိုးအမြတ်ပြန်ရနိုင်မလဲအပေါ်မူတည်ပြီး စဉ်းစားအသုံးချကြပါတယ်။
အခြေခံအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ Interest rates တွေ မြင့်တက်နေတယ်ဆိုရင် အဲဒီနိုင်ငံရဲ့ Currency prices တွေဟာလည်း အားကောင်းလာနိုင်ပါတယ်။ အကြောင်းက မြင့်တက်လာတဲ့ Interest rates တွေကြောင့် Foreign investors တွေကို ပိုမို ဆွဲဆောင်နိုင်လို့ပါ။
ဥပမာအားဖြင့် Eurozone က Interest rate မြင့်တက်မှုက U.S investors တွေကို U.S dollars တွေ ရောင်းချဖို့ တွန်းအားဖြစ်စေပြီး Euros မှာ Bonds တွေ ပြန်ဝယ်ယူဖို့အတွက် ဖြစ်လာပါတယ်။ အဲဒီလိုပဲ Switzerland က Interest rate မြင့်တက်လာပြီဆိုရင် အဲဒီနိုင်ငံက Investors တွေကို Euro-bonds တွေ ရောင်းချပစ်ဖို့ ဆုံးဖြတ်ချက်ချစေနိုင်ပြီး မြင့်တက်နေတဲ့ Swiss francs ရဲ့ Bonds တွေအတွက် ဖြစ်လာမှာပါ။ ဒါကြောင့် Euros ရဲ့ Currency prices တွေ ကျဆင်းစေနိုင်ပြီး Swiss francs ရဲ့ Currency ကတော့ တက်ပြီပေါ့ဗျာ။
Oil-dependent countries weaken as oil prices rise
လေကြောင်းလိုင်းတွေနဲ့ အခြား Oil ကို မှီခိုနေရသော Industries တွေက Oil prices တွေ မြင့်တက်မှုကြောင့် ထိခိုက်လာနိုင်ပါတယ်။ U.S နဲ့ Japan တို့ဆိုရင် Foreign oil ကို သိသိသာသာမှီခိုနေရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ တကယ်လို့ Oil prices တွေသာ ဆက်လက်မြင့်တက်နေမယ်ဆိုရင် Commodity-based economies တွေဖြစ်တဲ့ Australia တို့၊ Canada တို့လို နိုင်ငံတွေရဲ့ Currencies တွေကို ၀ယ်ယူဖို့၊ Oil-dependent currencies တွေကို ရောင်းချဖို့အတွက် စဉ်းစားရတော့မှာပဲ ဖြစ်ပါတယ်။