Monday, June 22, 2015

Volume Indy

#‎Forex‬ Volume Indicators အကြောင်းအခြေခံ
================================
- Volume Indicators ကတော့ ယေဘုယျအားဖြင့် မားကတ်အပေါ် Traders များရဲ့ စိတ်ဝင်စားမှုကို ဖေါ်ပြထားတယ်။
- သာမာန်အားဖြင့် မြင့်မားသော Market Volume ရဲ့ဖြစ်နိုင်ချေအနေနဲ့ Trend အသစ်စတင်ပေါ်ပေါက်လာနိုင်ခြင်းနဲ့ Low Market Volume ရဲ့ အခြေနေကိုကြည့်ခြင်းအားဖြင့် Traders များရဲ့ မားကတ်အပေါ်စိတ်ဝင်စားမှုလျော့ကျနေခြင်းကို ဖေါ်ပြတယ်လို့ မှတ်ယူလို့ရနိုင်ပါတယ်။

- ပုံမှန်အနေထားတစ်ခုမှာ Market Volume ဟာ တိုးလာတယ်ဆိုရင် မားကတ်အပေါ်စိတ်ဝင်စားမှုများလာတဲ့သဘောဖြစ်ပြီး လက်ရှိ ဖြစ်ပေါ်နေသော Trend ကို ပိုမိုအားကောင်းလာစေမယ်၊ဒါမှမဟုတ် Trend အသစ်ဖြစ်ပေါ်လာနိုင်ချေရှိတယ်လို့မှတ်ယူရပါတယ်။
ဒီနေရာမှာ တစ်ခုပြောလို၊အကြံပေးလိုတာက Market Volume အရ Trend အသစ်ဖြစ်နိုင်လား၊ လက်ရှိ Trend က ပိုအားကောင်းလာနိုင်လားဆိုတာကို အခြားသော Indicators များနဲ့တိုက်ဆိုင်စစ်ဆေး အတည်ပြုစေချင်ပါတယ်။ အဘယ်ကြောင့်ဆိုသော မိမိက Trend အသစ်ဇြစ်ပေါ်လာမယ်လို့ ယူဆပေမယ့် အခြား Indicator အရ လက်ရှိ Trend ပဲ ပိုအားကောင်းနေတာဖြစ်နေတတ်ပါတယ်။ ဒီလို တိုက်ဆိုင်စစ်ဆေးအတည်ပြုရင်တော့ ပိုမိုသေချာတဲ့ ဆုံးဖြတ်ချက်နဲ့ မားကတ်ထဲကို ၀င်နိုင်မှာလို့လည်း ယူဆပါတယ်။
- မားကတ် Volume ဟာ ပုံမှန်အနေထားမှ လျော့လာမယ်ဆိုရင်တော့ မားကတ်အပေါ်စိတ်ဝင်းစားမှုလျော့ကျလာတဲ့ အနေထားလို့မှတ်ယူနိုင်ပြီး ဒီလိုအချိန်မှာ Trend Reversal (လားရာပြောင်းပြန်ဖြစ်သွားတာ) ဖြစ်တတ်သလို၊ ယာယီအားဖြင့် Market Consolidation လည်းဖြစ်လာတတ်ပါတယ်။ (‪#‎ပုံ‬ ၁ဆွင်လေ့လာပါ။)
- ရုတ်တရက်အားဖြင့် Market Volume တိုးလားခြင်းအနေအထားကြောင့် ရုတ်တရုက်ဖြစ်ပေါ်လာနိုင်တဲ့ Reversal များကို အထူးသတိထားရမှာဖြစ်သလို ရုတ်တရတ် Market Volume လျော့ကျမှုကြောင့်လည်း ရုတ်တရက်ဈေးနှုန်းအပြောင်းလဲကို သတိထားစောင့်ကြည့်ရမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
- Meta Trader 4 ဆော့ဝဲလ်မှာဆိုလျှင် Volume ကို သတ်မှတ်အချိန်ကာလအလျောက်ပိုင်းခြား လေ့လာလို့ရပါတယ်။
- Volume ကိုကြည့်လျှင် အရောင်မတူသော တိုင် ၂တိုင်တွေ့ရမှာဖြစ်ပါတယ်။ အနိမ့်အမြင့်အနေဖြင့်လည်း မှတ်သားနိုင်ပါတယ်။ သသောတရားကတော့ လက်ရှိအချိန် (မိမိကြည့်သော Time Frame အရ၊ လက်ရှိ Active ဖြစ်နေသော Candle အရ) Volume သည် သူ့အရင်က အခြေနေထက်နည်းသလား များသလားကို ဖေါ်ပြတာဖြစ်ပါတယ်။
‪#‎အထက်ပါ‬ ရေးသားချက်သည် ကျွန်တော်၏ တစ်ဦးချင်းအနေဖြင့် ရေးသားချက်ဖြစ်သောကြောင့် အမှားအယွင်းတစ်စုံတရာပါခဲ့သော ကျွန်တော်၏ လိုအပ်ချက်သာဖြစ်ပါကြောင်း။
အောင်မြင်ကြပါစေ။
ကျွန်တော် Linnzayar Kyaw ပါ။

 ကိုလင်းရဲ့ facebook page မှ copy ယူထားပါတယ်ဗျာ။ thanks and credit ကိုလင်းရေ။